သဲကုန်းမြို့နယ်တွင် ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီး

ပဲခူးတိုင်းဒေသကြီး ၊ပြည်ခရိုင်၊ သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း၊ ဒုတိယနှစ်စက်၀န်း လိန်တန်းကျေးရွာအုပ်စု၊ ရွှေတံခါးကျေးရွာ၏ ကျေးရွာချင်းဆက် မြေနီလမ်းခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်း က CDD စီမံကိန်းနည်းပညာမှူးများ၊ စည်းရုံးရေးမှူးများနှင့်အတူ ကျေးရွာလူထုမှသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရာနှုန်းပြည့်အောင်မြင်စွာ ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ မြေနီလမ်း၏အရှည်မှာ( ၁၃၆၀ပေ၊ ၁၅ပေ၊၈)ရှည်လျားပြီး စီမံကိန်းမှထောက်ပံ့ငွေ(၄၄၀၇၆၀၀)ကျပ် ၊ကျေးရွာလူထုထည့်၀င် ငွေ(၆၀၀၀၀)ကျပ်၊ စုစုပေါင်း(၄၄၆၇၆၀၀)ကျပ်ကုန်ကျခဲ့ကြောင်း နှင့် ကျေးရွာ(၄)ရွာနှင့်လူဦးရေ(၇၆၉)ဦးခန့် အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

နိုင်လင်း(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး

https://www.moi.gov.mm/iprd/?q=news%2F%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8%2F11%2F06%2F2020%2Fid-20153&fbclid=IwAR3Weh2yyDswF00ZZXeWe-kQvQ1fKUFFeHzkA9lb8qeO4MylHSPxJoAnkIo