ရမည်းသင်း မြို့နယ် မကျဉ်းလေးပင် ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း ခရိုင် ရမည်းသင်း မြို့နယ် မကျဉ်းလေးပင် ကျေးရွာမှာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထု ဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်း ပံ့ပိုးငွေနဲ့ ဆောင်ရွက်လျက် ရှိတဲ့ ကျေးလက် ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုကို မေလ ၁၁ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးကြည့်ရှု့ စစ်ဆေးကြောင်း သိရပါတယ်။

 

ထိုကဲ့သို့ စစ်ဆေးရာမှာ တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဦးသန်းနိုင်ဦးနဲ့ တာဝန်ရှိသူများက လှည့်လည် ကြည့်ရှု စစ်ဆေးကြရာ ကျေးရွာ ကော်မတီဝင်များက လိုက်လံ ရှင်းလင်း ပြသခဲ့ပါတယ်။

 

အဲဒီနောက် အဆိုပါ ကျေးလက် ကုန်ထုတ်လမ်းပေါ်မှာ Box Culvert ၈ စင်း တည်ဆောက်မည့် နေရာများကို ကြည့်ရှု စစ်ဆေးပြီး တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးသန်းနိုင်ဦးက ကျေးလက် ကုန်ထုတ်လမ်းကို ရေရှည်တည်တံ့ကောင်းမွန်စွာ အသုံးချနိုင်စေရေးအတွက် လည်ပတ် ပြုပြင်ထိန်းသိမ်းရေး ရန်ပုံငွေများ စနစ်တစ်ကျ ကော်ခံသွားရန်နှင့် ပျက်စီးသည့် အပိုင်းများကို အချိန်နှင့် တစ်ပြေးညီ ပြန်လည် ပြုပြင် ထိန်းသိမ်း သွားကြရန်တို့ မှာကြားပါတယ်။

 

အဆိုပါ ကျေးလက် ကုန်ထုတ်လမ်းကို ငွေကျပ် ၂၇ ဒဿမ ၀၆ သန်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ပြီးတော့ လယ်ယာဧက ၁၂၀ မှ သီးနှံများ ရာသီဥတု မရွေး လွယ်ကူ လျင်မြန်စွာ ဖြင့် သယ်ယူ ပို့ဆောင်နိုင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank,