တိုင်းဒေသကြီး ဦးစီးမှူးနှင့် အဖွဲ့ တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်ရှိ စီမံကိန်း လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

တောင်ငူခရိုင် ကျောက်ကြီး မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းပံ့ပိုးငွေနဲ့ လုပ်ငန်းတွေဆောင်ရွက်ပြီးစီးမှုကို ဖေဖေါ်ဝါရီလ ၂၃ ရက်က ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။

အဲလိုကွင်းဆင်း စစ်ဆေးရာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးသိမ်း၊ ခရိုင်ဦးစီးမှူး ဦးဘသိန်းနဲ့အဖွဲ့က မြို့နယ် ဦးစီးမှူး ဦးအောင်ကိုကို၊ မြို့နယ် လူထုဗဟိုပြု စီမံကိန်း တာဝန်ခံ ဒေါ်တင်နီလာဝင်းနဲ့အတူ ဝဲကြီးကျေးရွာအုပ်စု တိုင်ပင်ကျေးရွာမှာ စာသင်ကျောင်းဆောင် ဆောက်လုပ် မှု ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှုစစ်ဆေးပြီး၊ ပြုပြင်ထိန်းသိမ်းရေး အစီအစဉ် ထားရှိမှုတွေကို ကျေးရွာလူထုတွေ၊ ကော်မတီဝင်တွေနဲ့ တွေ့ဆုံပြောကြားပါတယ်။

ဒါအပြင် မဲပုတ်ကျေးရွာအုပ်စု ကြောင်ပြာကျေးရွာမှာ မြစိမ်းရောင် စီမံကိန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကြည့်ရှု့စစ်ဆေးတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank