စည်းရုံးရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း မိုင်းခတ်မြို့နယ်တွင် ပြုလုပ်

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းခတ်မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့

လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ စီမံကိန်း လုပ်ငန်းခွဲတွေ ပိတ်သိမ်းတဲ့အခါမှာ ပွင့်လင်းမြင်သာပြီး တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့နဲ့ လူထုစစ်ဆေးပွဲတွေ ပြုလုပ်ရာမှာ အဆင်ပြေချောမွေ့စွာနဲ့ လုပ်ဆောင်နိုင်စေဖို့ အတွက် စည်းရုံးရေးမှူးများ စွမ်းဆောင်ရည် မြှင့်တင်ခြင်း သင်တန်း အမှတ်စဉ် ၃ ကို မတ်လ ၅ ရက်နေ့ မနက် ၉ နာရီမှာ လူထုဗဟိုပြု စီမံကိန်း ရုံးမှာ ကျင်းပပြုလုပ်တယ်လို့ သိရပါတယ်။

အဲဒီအခမ်းအနားမှာ မြို့နယ်ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရန်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီသင်တန်းကို မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးမျိုးသန့်၊ စောင့် ကြည့် ကြီးကြပ် ရေးနဲ့ အကဲဖြတ် သုံးသပ်ခြင်းဆိုင်ရာ တာဝန်ခံ ဦးဉာဏ်လင်းကျော်၊ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံ ဒေါ်ဒေစီဝင်းနဲ့ ကျား-မ ရေးရာ တာဝန်ခံ ဒေါ်ခင်မာဌေးတို့က သင်တန်းတွေ ပို့ချခဲ့ပြီး၊ လက်ထောက်နည်းပညာမှူးနဲ့ လူထုစည်းရုံးရေးမှူး ၂၄ ယောက်တို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ သင်တန်းကာလဟာ ၂ ရက် ကြာမြင့်တယ်လို့ သိရပါတယ်။

 

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank