အမျိုးသမီးများ ပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပ

လှိုင်းဘွဲ   ဇန်နဝါရီ  ၂၂

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း(ဒုတိယနှစ်စက်ဝန်း) တွင် အမျိုးသမီးများဆိုင်ရာ ပူးပေါင်းပါဝင်မှု အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လှိုင်းဘွဲမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးမိုးထွေး၊ ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ တော်ဝင်သဇင် အမျိုးသမီးများအဖွဲ့မှ ဉက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် ပြည်ထောင်စုအဆင့် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း ကျား/ မရေးရာဌာနမှ ဦးစီးအရာရှိ ဒေါက်တာ ညွန်းသွဲ့သွဲ့နိုင် က ဦးဆောင်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူ များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့သည်။

အခမ်းအနားကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ တော်ဝင်သဇင် အမျိုးသမီးအဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စု (၇၁) အုပ်စုမှ အမျိုးသမီးကိုယ်စားလှယ်များ စုစုပေါင်း (၁၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)  www.moi.gov