ကယားပြည်နယ်နေ့ အထိမ်းအမှတ် လူထုဗဟိုပြုစီမံကိန်း သတင်းဆက်သွယ်ပြန်ကြားရေးပြခန်း ဖွင့်လှစ်ပြသ

၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် လူထုဗဟိုပြုစီမံကိန်း သတင်းဆက်သွယ် ပြန်ကြားရေး ပြခန်းကို

ဇန်နဝါရီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ လှိုင်ကော်မြို့ ပွဲတော် ကျင်းပသည့် ကွင်းထဲတွင် ပြခန်း ဖွင့်လှစ် ပြသထားပါတယ်။

အဲဒီပြခန်းမှာ လူထု ဗဟိုပြုစီမံကိန်းက ဆောင်ရွက်နေတဲ့ စီမံကိန်း လုပ်ငန်းစဉ်တွေနဲ့ မှတ်တမ်းဓါတ်ပုံတွေကို ပြသထားတာပါ။

ကယားပြည်နယ် လူထုဗဟိုပြု စီမံကိန်းက ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ သတင်း အချက်အလက်တွေကို ပြည်သူတွေ

ကျယ်ကျယ်ပြန့်ပြန့်သိစေဖို့ ပြခန်း ဖွင့်လှစ် ပြသတာလို့ သိရပါတယ်။

 

သတင်း - ဝတ်ရည် (မဲစဲ့)

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank