ဆိပ်ဖူးကုန်း ကျေးရွာ ကျေးရွာတွင်း ဂဝံမြေသားလမ်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း

အကောင်အထည်ဖော် ဆောင်ရွက်တဲ့ ကရင် ပြည်နယ် ကော့ ကရိတ် ခရိုင် ကော့ ကရိတ်မြို့နယ်၊ လူထု ဗဟိုပြု စီမံကိန်း

ဒုတိယနှစ် စက်ဝန်းနဲ့ ဆောင်ရွက်ခဲ့တဲ့ ရန်ကုတ် ကျေးရွာ အုပ်စု ဆိပ်ဖူးကုန်း ကျေးရွာ ကျေးရွာတွင်း ဂဝံမြေသားလမ်း ဖွင့်ပွဲ

အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်နေ့ မနက် ၈ နာရီ အချိန်က အဲဒီကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ ရှေးဦးစွာ ကော့ကရိတ် မြို့နယ်

လူထုဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး ခေါင်းဆောင် ဦးစောသန်းစိုးက ကျေးရွာ အတွင်း လမ်းပြုပြင် ဆောင်ရွက်ခဲ့တဲ့

အခြေအနေတွေနဲ့ စီမံကိန်း လုပ်ငန်းတွေ ဆောင်ရွက်နေမှုတွေကို ရှင်းလင်း ပြောကြားပါတယ်။ အဲဒီနောက် ကျေးရွာတွင်း လမ်းဖွင့်ပွဲ

အခမ်းအနားကို နည်းပညာ အကြံပေး ခေါင်းဆောင် ဦးစောသန်းစိုး၊ ဆိပ်ဖူး ကျေးရွာ ရွာဦးကျောင်း ဆရာတော် ဦး ဝါယမ၊

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုး ဦး စော တင်အုံးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပါတယ်။ အဲဒီ ဂဝံမြေသား ကျေးရွားတွင်းလမ်း

အရှည် ပေ ၈,၈၀၀ ၊ အကျယ် ၁၈ ပေ၊ တစ်ပေထု ပြုပြင်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ကျပ် ၂၂၃ သိန်းနဲ့

လူထု ဗဟိုပြု စီမံကိန်းဝန်ထမ်းတွေက အနီးကပ် ကြီးကြပ်ပြီး၊ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော်

ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

သတင်း - စိုးမိုးကျော်

Credit - SkyNet Up-to-Date Channel

#DRD #NCDDP #MOALI #WorldBank