မတ် ၈ လှိုင်းဘွဲမြို့
"ခွင့်တူညီရေးစဉ်းစားလို့ စွမ်းမြှင့်ရေး အလေးပေးဖို့၊ ပြောင်းလဲမှုကို ဖန်တီးစို့"
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့အခမ်းအနားကို ၂၀၁၉ ခုနှစ် မတ်လ ၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောချစ်ဦး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်နှင့် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နူးနူးအောင်တို့မှ အမျိုးသမီး များနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ လူထုဗဟိုပြုစီမံကိန်းလုပ်ဆောင်မှုများနှင့် စီမံကိန်း တွင် အမျိုးသမီးများပါဝင်မှု၊ အခန်းကဏ္ဍများ၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပေါ် လာပုံသမိုင်းကြောင်း ရှင်းလင်းတင်ပြခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများအား အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့နှင့်ဆိုင်သော မှတ်တမ်းဗီဒီယိုအား ပြသ၍ စုပေါင်းအမှတ်တရ မှတ်တမ်းဓါတ်ပုံရိုက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ၊ အမျိုးသမီးကွန်ယက်အဖွဲ့ဝင်များ၊ မြစိမ်းရောင် ကော်မတီဝင်များနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ ကြောင်း သိရသည်။