လူထုဗဟိုပြုစီမံကိန်း သတင်းပြန်ကြားဆက်သွယ်ရေးနှင့် ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေးမွမ်းမံသင်တန်းဖွင့်လှစ်

(၁၈)ရက် ဖေဖော်ဝါရီလ ၂၀၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း သတင်းပြန်ကြားဆက်သွယ်ရေးနှင့် ဝေဖန်အကြံပြုတိုင်ကြားချက်ဖြေရှင်းရေးမွမ်းမံသင်တန်းကို (၁၈-၂-၂၀၁၉)ရက်နေ့၊နံနက်(၀၈း၃၀)နာရီအချိန်တွင် ပျဉ်းမနားမြို့နယ်၊မြောက်လွတ်ကုန်းဉ်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အဖွင့်အမှာစကားပြောကြား ခဲ့သည်။ အဆိုပါသင်တန်းတွင် တိုင်းဒေသကြီး/ပြည်နယ် လူထုဗဟိုပြုစီမံကိန်းမှ သင်တန်းသား/သူ (၁၁၉)ဦးတက်ရောက်ပြီး၊ သင်တန်းကာလမှာ (၄)ရက်ကြာမြင့်မည်ဖြစ်ပါသည်