လယ်ဝေးမြို့နယ်၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား

စီမံကိန်း တတိယနှစ် စက်ဝန်းအတွင်း ကျေးရွာ အုပ်စု (၆၀)အုပ်စု ကျေရွားပေါင်း(၂၆၂) ရွာ တွင် လုပ်ငန်းခွဲပေါင်း (၂၆၉) တို့အား အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိ သည့် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ စီမံကိန်း မြို့နယ် တစ်ခုဖြစ်သော လယ်ဝေးမြို့နယ်၏ မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ၁၃.၆.၂၀၁၈ ခုနှစ်တွင် လယ်ဝေး မြို့နယ် သီရိမင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျေးလက်ဦးစီးဌာန(ရုံးချုပ်) ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်မှ တက်ရောက်လာသောဌာန ဆိုင်ရာများ ကော်မတီဝင်များအား ဒီမိုကရေစီ စံနှုန်းများ နှင့် အညီ ဒီဇိုင်း ရေးဆွဲထားသော စီမံကိန်းဖြစ်ကြောင်းနှင့် တက်ရောက်လာသော ကျေးရွာ ကော်မတီဝင်များအား စီမံကိန်း လုပ်ငန်းခွဲများ ရေးရှည်တည်တံ့ရေးအတွက် မည်သို့ဆောင်ရွက်သင့်သလဲ ဆိုသည့် အချက်အား အလေးပေး ဆွေးနွေးစေ လိုကြောင်း တိုက်တွန်း ပြောကြား ခဲ့ပါသည်။

၄င်းအပြင် လယ်ဝေး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်မှ စီမံကိန်း လုပ်ငန်းခွဲများ အတည်ပြု ညှိနှိုင်းပေးမှု အခြေအနေအား ရှင်းလင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လယ်ဝေး မြို့နယ် ဦးစီးမှူး ဒေါ်ရီရီပြုံး မှ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်း တင်ပြခဲ့ပြီးနောက်တွင် အစည်းဝေးတက်ရောက်လာသူ ကျေးရွာလူထု အား အုပ်စု ရ ဖွဲ့ ခွဲ၍ ခေါင်းစဉ် ရ ခုအား ဆွေးနွေးစေခဲ့ပါသည်။

အုပ်စုဖွဲ့ဆွေးနွေးနေစဉ်အတွင်း ကျေးရွာ/ ကျေးရွာအုပ်စု အထူးချွန်ဆုံး လုပ်ငန်း အကောင်အထည်ဖော် ဆောက်ရွက်မှုအတွက် (ပ ဒု တ) ဆု ချီးမြှင့်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပါဝင်သည့် ဂျူရီအဖွဲ့မှ အမှတ်ပေး ရွေးချယ် ဆုံးဖြတ်ပေး ခဲ့ပါသည်။

၄င်းအပြင် လယ်ဝေးမြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးဖိုးရွှင်မှ ဆုရ ကျေးရွာ/ကျေးရွာအုပ်စုများ အတွက် ဆရ ကျေးရွာ ကျေစုရွာအုပ်စု မကြေငြာမီ အမှတ်ပေး စည်းမျဉ်းနှင့် ပက်သက်ပြီး ရှင်းလင်း ပြောကြားပေးခဲ့ပြီး နေပြည်တော် ကောင်စီဝင် ဦးအေးမောင်စိန် မှနိဂုံးချုပ် အမှာစကား ပြောကြားခဲ့ပါသည်။