သတင်းပြန်ကြားဆက်သွယ်ရေးလုပ်ငန်းကို စီမံကိန်းတွင် ဘာကြောင့် ထည့်သွင်းဆောင်ရွက်ပါ သနည်း။

စီမံကိန်းအကောင်အထည်ဖော်ရာတွင် ပါဝင်သူများအနေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ချိန်မှစ၍ ပြီးဆုံးသည်အထိ စီမံကိန်းကြီး တစ်ခုလုံး၏ ရည်ရွယ်ချက်၊ မျှော်မှန်းချက်နှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန် သိရှိနားလည်ရန် လိုအပ်ပါသည်။ သို့မှသာ လုပ်ထုံးလုပ်နည်းများအတိုင်း တိတိကျကျလိုက်နာဆောင်ရွက်ပြီး မှန်ကန်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်သည်။

ထို့အပြင် အကောင်အထည်ဖော်နေစဉ် ကြုံတွေ့ရသည့် အခက်အခဲများ၊ အောင်မြင်မှုများ၊ ရလဒ်များကို စီမံကိန်းတွင်ပါဝင်သူများသာမက ပြည်သူလူထုအားလုံး သိရှိစေရန် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးခြင်းဖြင့် အထင်အမြင်လွဲမှားမှုများကို ရှောင်ရှားနိုင်ပြီး အစိုးရဌာန အဖွဲ့အစည်း များနှင့် စီမံကိန်းမိတ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း ပူးပေါင်းပါဝင်လာစေရန် စည်းရုံးဆောင် ရွက်နိုင်မည် ဖြစ်သည်။

ဆက်သွယ်ရေး