ပထမနှစ်နှင့် ဒုတိယနှစ် စီမံကိန်းလုပ်ငန်းခွဲများအား  နည်းပညာပိုင်း ကွင်းဆင်းစစ်ဆေးခြင်း

 

၃၁-၁-၂၀၁၈ (မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်)

                 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း ပထမနှစ်နှင့် ဒုတိယနှစ် စက်၀န်းအတွက် နေပြည်တော် (ရုံးချုပ်)မှ နည်းပညာပိုင်း ကွင်းဆင်းစစ်ဆေးခြင်းများ ပြုလုပ်ဆောင် ရွက်ခဲ့ပါသည်။

                 အဆိုပါရုံးချုပ်အဖွဲ နှင့်အတူ မွန်ပြည်နယ်စီမံကိန်းရုံးခွဲတာ၀န်ခံ၊ မြို့နယ်ဦးစီးမှူးနှင့် တာ၀န်ရှိ၀န်ထမ်းများက ဘီးလင်းမြို့နယ် လိပ်ခုံးကျေးရွာအုပ်စု လိပ်ခုံးလေးကျေးရွာရှိ မူလတန်းကျောင်းဆောင်သစ်ဆောက်လုပ်ခြင်း၊ နှင်းပုလဲကျေးရွာအုပ်စု ရေဖြူကန်ကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း၊ အနှိုင်ပွန်းကျေးရွာအုပ်စု အုတ်ဖိုးကျေးရွာတွင် တံတားတည်ဆောက်ခြင်းနှင့် ကျားကွင်းကျေးရွာအုပ်စု အဟုံး၀အနောက်ကျေးရွာတွင် တံတားတည်ဆောက်ခြင်းလုပ်ငန်းများစသည်တို့ကို (၃၀. ၁. ၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။