လူထုဗဟိုပြုစီမံကိန်းမှာကျားမရေးရာကိုထည့်သွင်းလုပ်ဆောင်ခြင်းအားဖြင့် မည်သည့် အကျိုးကျေးဇူးများရရှိနိုင်သနည်း?

ရရှိလာသောအကျိုးကျေးဇူးအချို့မှာ -

  • အမျိုးသမီးများကို ကျေးရွာအစည်းအဝေးများတွင် နေရာပေးလာခြင်း၊ စီမံကိန်းတွင် အမျိုးသမီးများ၏ အကြံဉာဏ်များကိုလက်ခံလုပ်ဆောင်လာခြင်း
  • အမျိုးသမီးနှင့်အမျိုးသားပူးပေါင်းပါဝင်ဆောင်ရွက်မှုကြောင့် စီမံကိန်းလုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့ခြင်း။
  • အမျိုးသမီးများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်သောအသိပညာဗသုတများရရှိလာခြင်း။
  • ပြင်ပလုပ်ငန်းများတွင်လည်းလုပ်အားခတန်းတူပေးသောအလေ့အထများကျင့်သုံးလာခြင်း။
  • ကျေးရွာတွင်ရှိသောအမျိုးသားများနှင့် အမျိုးသမီးများအပေါ်ထားရှိသောရှေးရိုးဆွဲအယူအဆများ၊ အတွေးအခေါ်များတဖြည်းဖြည်းပြောင်းလဲလာခြင်း။
ကျားမရေးရာ