လှိုင်းဘွဲ ဇန်နဝါရီ ၁၅
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း) ကြာအင်းကျေးရွာအုပ်စု ဝိုင်းထော်ကျေးရွာ ပြည်သာယာ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ၂၀၂၀ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နံနက် ၉:၀၀နာရီက အဆိုပါကွန်ကရစ်လမ်းပေါ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်မှ အဖွင့်အမှာစကားပြောကြားပြီး ဝိုင်းထော်ကျောင်းဆရာတော်ဦးကုဏ္ဍလမှ သြဝါဒစကားမိန့်ကြားခဲ့ပါသည်။ ဆက်လက်ပြီး ကွန်ကရစ်လမ်းဖွင့်ပွဲ အထိမ်းအမှတ်အလံ ပေးအပ်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၊ ဝိုင်းထော်ကျောင်းဆရာတော်ဦးကုဏ္ဍလတို့မှ ဖဲကြိုးဖြတ်ဖွင့်လစ်ပေးခဲ့ပါသည်။
အဆိုပါကွန်ကရစ်လမ်းသည် (အရှည် ၁၃၂၀' x အကျယ် ၁၄' x အမြင့်၆")(အရှည် ၅၇၀' x အကျယ် ၁၆' x အမြင့် ၆') ဖြစ်ပြီး စီမံကိန်းထောက်ပံ့ငွေ ၂၆,၀၀၀,၀၀၀ကျပ် ပြည်သူလူထုထည့်ဝင်ငွေ ၅,၀၆၀,၀၀၀ ကျပ်ခန့်ဖြင့် ၂၉.၁၂..၂၀၁၉ ရက်နေ့တွင်စတင်ကာ ၁၁.၂..၂၀၂၀ရက်နေ့တွင်ပြီးစီး အဆိုပါကွန်ကရစ်လမ်းသည် ကြာအင်းကျေးရွာ၊ ဝိုင်းထော်ကျေးရွာ၊ ကွမ်းတောကျေးရွာ၊ ကွီးလေးကျေးရွာ၊ ကမားထကျေးရွာများမှ အိမ်ထောင်စု ( ၁၅၉၀ )၊ လူဦးရေ (၉၁၁၃) ဦးအကျိုးပြုမည်ဖြစ်ကြောင်းသိရပါသည်။