Deputy Minister for Ministry of Agriculture, Livestock and Irrigation Visits Tarlay to See Cash for Work Activities

NCDDP

ဒုတိယဝန်ကြီးနှင့် အဖွဲ့ တာလေ မြို့နယ် Cash for Work စီမံကိန်းနဲ့ သောက်သုံးရေ ရရှိရေး ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ကွင်းဆင်း ကြည့်ရှု့

Shan, 5 August 2020, SkyNet Media Coverage

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် တာလေ မြို့မှာ Cash for Work စီမံကိန်းနဲ့ သောက်သုံးရေ ရရှိရေး အတွက် ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးလှကျော်နဲ့ အဖွဲ့ဝင်တွေက ဩဂုတ်လ ၃ ရက်နေ့ မနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးတယ်လို့ သိရပါတယ်။

ကြည့်ရှု့စစ်ဆေးရာမှာ တာလေမြို့ မိုင်းလင်း အနောက်ကျေးရွာ အုပ်စု ရှိ ဝမ်ပိုင်ကျေးရွာတွင် သောက်သုံးရေ ရရှိဖို့ ၂ လက်မ ပိုက်နဲ့ ၂ မိုင်အရှည် ရှိတဲ့ ရေပိုက်လိုင်း သွယ်တန်းတဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးတာပါ။

အဲလို စစ်ဆေးပြီးတဲ့ နောက်မှာ ဒုတိယ ဝန်ကြီးနဲ့ အဖွဲ့ဟာ မိုင်းလင်း ဆရာတော် ဘုရားကြီးရဲ့ ကျောင်းတော်ကို ဝင်ရောက် ဖူးမျှော်ပြီး၊ အလှူငွေတွေ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - အောင်ကျော်မိုး (တာလေ)

#CERP, #CFW, #DRD, #MOALI

Credit – SkyNet Media Coverage