![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/capturebb_2.png?itok=HCgX4u3C)
Cash for Work စီမံကိန်းများ ဆောင်ရွက်ပေးလျက်ရှိ
Sunday, 02 August 2020, MRTV Media Coverage
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေနဲ့ နိုင်ငံတော်မှ ချမှတ်ထားတဲ့ COVID-19 ကာလအတွင်း စီးပွားရေးကုစားမှု အစီအစဉ် COVID -19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ ပြည်သူများရဲ့ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနဲ့ စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ဖို့ အတွက် Cash for Work စီမံကိန်းနဲ့ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းများကို တိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသို မြို့နယ်၊ မကွေးတိုင်း ဒေသကြီး ဂန့်ဂေါ ခရိုင် ဂန့်ဂေါမြို့နယ်၊ မင်းဘူး ခရိုင် စေတုတ္တရာ မြို့နယ်၊ ပခုက္ကူ မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး လှည်းကူးမြို့နယ်နဲ့ ဧရာဝတီတိုင်း ဒေသကြီး လေးမျက်နှာ မြို့နယ်၊ လက်မြန်မာ အုပ်စု နှမ်းကုန်း ကျေးရွာတို့မှာ Cash for Work စီမံကိန်း ရန်ပုံငွေ လွှဲပြောင်း ပေးအပ်ခြင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။
အဆိုပါ ကျေးရွာများကို ကျေးရွာ တစ်ရွာလျှင် ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့မှာ ဖြစ်ပြီးတော့ လုပ်အားခ ၆၀ ရာခိုင်နှုန်းနဲ့ ပစ္စည်းနှုန်းက ၄၀ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း လည်း သိရပါတယ်။
သတင်း - တိုင်းဒေသကြီး/ ပြည်နယ် (ပြန်/ဆက်)
#CERP, #CFW, #DRD, #MOALI