နည်းပညာအကြံပေးများဖိုရမ်ကျင်းပ

NCDDP

သြဂုတ်လ ၁၉ရက် ၂၀၁၉

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊လူထုဗဟိုပြုစီမံကိန်း(CDD)  ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံ ပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးတွင်ထည့်သွင်းတင်ပြနိုင်ရေးအတွက် မြို့နယ်အဆင့်ဝန်ထမ်းများ၏ အတွေ့အကြုံများကို ကြိုတင်ရယူနိုင်ရန် နည်းပညာအကြံပေးများဖိုရမ် ဖွင့်ပွဲအခမ်းအနားကို (၁၉.၈.၂၀၁၉) ရက်နေ့၊နံနက်(၀၉း၀၀)နာရီအချိန်တွင် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း အစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာ ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းက အဖွင့်အမှာစကားပြောကြားသည်။အဆိုပါဖိုရမ်အား (၂)ရက်ကြာ ကျင်းပပြုလုပ်မည်ဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ်များမှနည်းပညာအကြံပေး(၂၃၁) ဦး တက်ရောက်ကြောင်း ခဲ့ပါသည်