ပေါက် မတ်လ. ၈
အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အခမ်းအနားကို ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ရွှေပေါက်ပင် ခန်းမတွင် နံနက် ၉းဝဝချိန်မှ အခမ်းအနားကို စတင် ခဲ့သည်။
အဆိုပါ အခမ်းအနားကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုပြုစီမံကိန်းမှ ကျင်းပ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခုလို အထိမ်းအမှတ် ပွဲလေးပြုလုပ်ပေးခြင်းဖြင့် ကျေးရွာများရှိ အမျိုးသမီးများသည် ရေရှည်တည်တံခိုင်မြဲစေသော အခြေ ခံအဆောက်အဦးများကို အမျိုးသမီးများ ပိုမို လက်လှမ်းမှီမှု ရှိစေရန်နှင့် ထိုလုပ်ငန်းများ ပိုမိုပါဝင်လာရန်၊အမျိုးသမီးများ ဦးဆောင်ပါဝင်ဆောင်ရွက်နေမှုများကို အခြားမိတ်ဖက်အဖွဲ့အစည်းများမှ သိရှိနားလည်လာပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်ဆောင်ရွက်မှု များ ပိုမိူအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်သည်ဟု သိရပါသည်။
အဆိုပါ အခမ်းအနားကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်မြင့့်စန်းမှ အဖွင့်အမှာစကားပြောကြားရာတွင် "ခွင့်တူညီရေး စဉ်းစားလို့ စွမ်းရည်မြှင့်ရေး အရေးပေးဖို့ ပြောင်းလဲမှုကို ဖန်တီစို့"ဆိုသည့် ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများမှ ဆောင်ရွက်စေလိုသည်ဟုပြောကြားခဲ့သည်။ ထိုနောက် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့်မှ အခမ်းအနား ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားကို မြို့နယ် ဥပဒေအရာရှိ ဦးမြတ်သူဟိန်းမှ အမျိုးသမီးများနှင့် ပတ်သက်ပြီးသိသင့်သိထိုက်သော ဥပဒေအကြောင်းအရာများကို ချပြဆွေးနွေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို ပေါက်မြို့နယ်အတွင်းရှိ ဌာနဆိုင်စီရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စီမံကိန်း ကော်မတီဝင်များ၊ မြစိမ်းရောင်ကျေးရွာရှိကော်မတီဝင်များ၊စီမံကိန်းဝန်ထမ်းများ စုစုပေါင်း (၂၁၉)ဦးခန့် တက်ရောကိခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ကျေးရွာကော်မတီဝင် အမျိုးသမီး တစ်ဦးမှ ယခုလို အမျိုးသမီးနေ့ အထိမ်းမှတ် ပွဲ ကျင်းပပြုလုပ်ပေးသည့်အတွက် ဝမ်းသာပီတိဖြစ်မိကြောင်း၊အမျိုးသမီးများနှင့် ပတ်သက်ပီး ဥပဒေပိုင်းဆိုင်ရာ အချက်အလက်များ သိခွင့် ရသည့်အတွက် အလွန်ဝမ်းမြောက်မိကြောင်း သိရပါသည်။