ပြောင်းလဲမှုအစ စီထောက်ဥက္ကဌ

NCDDP

ဒီနေ့တော့ ဦးလွယ်ခက် တစ်ယောက် အိမ်အလုပ်တွေ ဝိုင်းကူပေးနေလို့ ကျွန်မ အံသြနေရ ပါတယ်၊ ‘ငါ့ယောင်္ကျား စိတ်ရောမှန်ရဲ့လား၊ ကျန်းမာရေးရော ကောင်းရဲ့လား’ မျက်ခြတ်မပြတ် ကြည့်နေခဲ့ပါတယ်။ ညနေ ကလေးကျောင်းဆင်းလာတော့ သူပဲရေးချိုးပေး၊ အဝတ်လဲပေး လုပ်နေ လို့ ကျွန်မသိချင်စိတ်ကို မြိုသိပ်ထားခဲ့တယ်။ ညနေ ၆:၀၀ နာရီ လောက် ထမင်းစားကြမယ်ဆိုပြီး ထမင်း ဟင်းတွေပြင်တော့လည်း သူဝိုင်းသယ်ပေး၊ ခူးခပ်ပေးပါတယ်။ စားပြီးတော့လည်း ‘ပန်းကန်တွေ ထားခဲ့၊ သူဆေးလိုက်မယ်တဲ့၊ မိန်းမ နင်က ကလ လေးဘဲ့သွားကြည့်တဲ့’ ။ ထမင်းစားပြီးတော့ သားအကြီးက စာကြည့်ပါတယ်၊ အငယ်လေးကို ကျွန်မနို့တိုက်နေတုန်း သူမီးဖိုချောင်ကထွက်လာပြီး သားငယ်လေးကို ခေါ်ပြီး သူ့အမေအိမ်ကို ထွက်သွားပါတယ်။ ‘သားကြီးကို စာပြပေးလိုက်ပါ သူ ကလေးထိန်းပေးမယ်’ တဲ့။ ညကိုးနာရီလောက်ကျတော့ သားငယ်အိပ်ပျော်သွားလို့ သူပြန်လာပါ တယ်။ သားကြီးလည်းစာရပြီဆိုတော့ ကျွန်မတို့ အိပ်ရာဝင်ခဲ့ပါတယ်။ ကျွန်မကတော အိပ်မပျော်နိုင် သေးပါ။ ကျွန်မယောင်္ကျား ဘာဖြစ်နေလဲ အတွေးနယ်ချဲ့ရင်း စဉ်းစားရင်းနဲ့ အိပ်ပျော်သွားခဲ့ပါတယ်။ မနက်မိုးလင်းတော့ သူကွမ်းသီးခြံထဲ ဆင်းသွားပါတယ်။ ခုနှစ်နာရီခွဲလောက်ကျတော့ အစာပြေ စားရန် သူအိမ်ပြန်လာတယ်။ အစာပြေစားပြီးတော့ မီးဖိုချောင်ထဲဝင်လာပြီး ရေမရှိတာတွေ့တော့ အိမ်အောက်ဆင်းသွားပြီး ရေသယ်ပေးပါတယ်။ ကျွန်မချက်ပြီးချိန် သူပြန်လာပြီး ရေးချိုးပါတယ်။ ရေချိုးရင်း ကလေးသေးစိုအဝတ်တွေပါ တခါတည်း လျှော်ပြီးလှန်းပေးခဲ့ပါတယ်။ ဒီတော့ ကျန်မ သိချင်စိတ်ကို အောင့်မထားနိုင်တော့ဘူး။ ‘ယောင်္ကျား အိမ်အလုပ်တွေ မကူစဖူး ဘာကြောင့် ဝိုင်း ကူ နေတာလဲ’လို့ မေးလိုက်တယ်။ ဒီတော့မှ သူက ရှင်းပြတယ်။ ‘လူထုဗဟိုပြုစီမံကိန်းတို့ရွာကို ဝင်နေ တာ နှစ်နှစ်ရှိပြီဆိုတာ မင်းသိတယ်မဟုတ်လား တဲ့။ စီမံကိန်းက ဆရာ/ဆရာမတွေက ကျားမရေးရာ အကြောင်း ဟောပြောပွဲလာလုပ်တယ်။ သင်တန်းတွေပေးတယ်။ ဗွီဒီယိုတွေပြတယ်။ အမျိုးသမီးတွေ ကို အမျိုးသားတွေ တန်းတူ အခွင့်အရေးတွေပေးဖို့၊ ညှာတာဖို၊ ကိုယ်ချင်းစာဖို့ ပြောတယ်။ ငါလည်း စဉ်းစားကြည့်တယ်။ ငါက စီထောက်ဥက္ကဌ လုပ်လာတာ နှစ်နှစ်ရှိပြီ ၊ ငါကစပြောင်းလဲမှ ငါ့ရွာသား တွေ ပြောင်းလဲမယ်။ ဒါကြောင့် ငါပြောင်းလဲလိုက်တာ၊ ပြီးတော့ မင်းကိုလည်း တွေးကြည့်ပြီးသနား တယ်။ ကလေးနှစ်ယောက် ဝေယျာဝစ္စနဲ့ အိမ်အလုပ်နဲ့ တနေကုန်မအားဖူး၊ ငါကတော့ မင်းထက် စာရင် အားလပ်ချိန်တွေရှိတယ်။ အနားယူချိန်ရှိတယ်။ ဒါကြောင့် ကိုယ်ချင်းစာလို့ အိမ်အလုပ်တွေ ဝိုင်းကူပေးတာပါတဲ့။ ငါအခုလို ပြောင်းလဲလာတာ လူထုဗဟိုပြုစီမံကိန်းကြောင့် ဖြစ်တာကြောင့် မင်း လည်း လူထုဗဟိုပြုစီမံကိန်း ကိုကျေးဇူး တင်သင့်တယ်’လို့ ကျွန်မခင်ပွန်း လယ်သစ်အနောက်ကျေးရွာ စီထောက်ဥက္ကဌ ဦးလွယ်ခက်က ပြောခဲ့ပါတယ်။ ကျွန်မကလည်း ကျွန်မခင်ပွန်း အခုလို ပြောင်းလဲ သွားတာ သဘောကျပါတယ်။ ပြောင်းလဲပေးတဲ့ လူထုဗဟိုပြုစီမံကိန်းကိုလည်း ကျေးဇူးတင်ပါတယ် ရှင်..။

CDD ကိုဗဟိုပြု ရန်ပုံငွေရရှိမှု

ကျွန်တော်ကတော့ လယ်သစ်ကျေးရွာ စေတနာ့လူငယ်ဖွံ့ဖြိုးရေးအဖွဲ့မှ ဦးဆောင်သူ ဦးဝင်းထွန်းပါ။ ကျွန်တော်တို့ လူငယ်ဖွံ့ဖြိုးရေးအဖွဲ့မှာ ရန်ပုံငွေမရှိပါဘူး။ ကျွန်တော်တို့အဖွဲ့က လူငယ်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ရန်ပုံငွေမရှိတဲ့အတွက် လုပ်အားနဲ့ကူညီရတဲ့ အလုပ်တွေကိုပဲ့လုပ် ပေးကြပါတယ်။ နာရေးအိမ်တွေမှာ ဝိုင်းကူလုပ်ခြင်း၊ ဘုန်းကြီးကျောင်းသန့်ရှင်းရေး၊ စာသင်ကျောင်း ဝင်းသန့်ရှင်းရေးတွေဝိုင်းကူလုပ်ပေးခြင်း၊ အလှူအတန်းများတွင်ဝိုင်းကူလုပ်ပေးခြင်း တို့ကိုဘဲ့လုပ် ဆောင်ပေးကြပါတယ်။

လူထုဗဟိုပြုစီမံကိန်းက ကျွန်တော်တို့ရွာကို ၂၀၁၆ ကတည်းကဝင်တာပါ။ ဒါပေမဲ့ ၂၀၁၇ ခုနှစ် ဒုတိယနှစ်စက်ဝန်းမှာ ကျွန်တော်တို့ရွာမှ ကျေးရွာတွင်းလမ်းလုပ်ပါတယ်။ ရွာလမ်းလုပ်တဲ့အချိန်မှာ အမျိုးသမီးနှင့်အမျိုးသားကို လုပ်အားခတန်းတူ (၆၀၀၀) စီပေးပါတယ်။ ကျွန်တော်တို့ စေတနာ့လူ ငယ်တစ်ဖွဲ့လုံး လမ်းမှာလုပ်ငန်းပြီးတဲ့အထိ ဝင်လုပ်ပါတယ်၊ လုပ်အားခစုစုပေါင်း"၆၀၀၀၀၀" ကျပ်တိတိရရှိပါတယ်။ အဲဒီငွေကို အဖွဲ့ရန်ပုံငွေအဖြစ်ထားပြီး ကျေးရွာရဲ့ သာရေး/နာရေးကိစ္စတွေမှာ လူအားနဲ့တင်မဟုတ်ဘဲငွေအားနှင့်ပါ ကူညီပေးလာနိုင်ခဲ့ပါတယ်။ အခုလိုငွေအားနှင့်ပါ ကူညီခွင့်ရလာ အောင်ရန်ပုံငွေ ရှာနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ဖန်တီးပေးပါသော လူထုဗဟိုပြုစီမံကိန်းအား အထူးကျေးဇူးတင်ရှိပါတယ်။

                                                                                                                                                                                                                                               ရေးသားသူ- နွယ်နွယ်ဦး(CSAG)

Related Success Stories

03-07-2018
Posted by NCDDP
03-07-2018
Posted by NCDDP
03-07-2018
Posted by NCDDP
03-07-2018
Posted by NCDDP