လူထုဗဟိုပြုစီမံကိန်း ပဉ္စမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ဖိတ်ကြားလွှာ

လူထုဗဟိုပြုစီမံကိန်း ပဉ္စမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ ဖိတ်ကြားလွှာ

၅ အောက်တိုဘာလ၊ ၂ဝ၁၈၊ နေပြည်တော်။ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုခန်းမ - ၂။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကဦးစီး၍ လူထုအခြေပြုဖွံ့ဖြိုးရေးအမျိုးသားစီမံကိန်း (လူထုဗဟိုပြုစီမံကိန်း)၏ ပဉ္စမနှစ် နှစ်ပတ်လည် ပြည်ထောင်စုအဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သောသုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုခန်းမ - ၂၊ ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၌ ကျင်းပပြု လုပ်မည်ဖြစ်ပါသည်။ အခမ်းအနား၏ ရည်ရွယ်ချက်မှာ တက်ရောက်လာသူအားလုံး စီမံကိန်းပဉ္စမနှစ် အတွေ့အကြုံများ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးရန်နှင့် လာမည့် ဆဋ္ဌမနှစ် စီမံကိန်းစက်ဝန်း အကောင်အထည်ဖော်ရာတွင် ပိုမိုကောင်းမွန်စေရန် အတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးရန် ဖြစ်ပါသည်။

အခမ်းအနားသို့ ဖိတ်ကြားထားသူဦးရေ (ခန့်မှန်း) (၆၈၇) ဦးခန့် တက်ရောက်မည်ဖြစ်ပြီး ကျေးရွာလူထုကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဆင့်နှင့် မြို့နယ်အဆင့် စီမံကိန်းဝန်ထမ်းများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူများပါဝင်မည် ဖြစ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြုစီမံကိန်း၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများအနေဖြင့် လူထုကိုဗဟိုပြုသော နည်းလမ်း အသုံးပြု၍ အခြေခံအဆောက်အဦများ ဖွံ့ဖြိုးတိုးတက်တက်လာစေရန်၊ ထိုအခြေခံအဆောက် ဦများကို လက်လှမ်းမီအသုံးချ၍ အကျိုးခံစား ခွင့်ရရှိစေရန်နှင့် နိုင်ငံတော်အစိုးရအနေဖြင့် အရေးပေါ်အခြေအနေများတွင် လျင်မြန်စွာတုံ့ပြန်နိုင်စေရန် ရည်ရွယ်ပါသည်။

လူထုဗဟိုပြုစီမံကိန်းကို ၂ဝ၁၃ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းစက်ဝန်းငါးခုအတွင်း မြို့နယ် (၆၁) မြို့နယ် တွင် စီမံကိန်းလုပ်ငန်းခွဲ (၇၀၃၃) အတွက် ထောက်ပံ့ငွေ ကျပ်သန်းပေါင်း (၆၈၂၈၉.၀၄) ခန့် ထောက်ပံ့နိုင်ခဲ့ပြီး အကျိုးခံစားရသူဦးရေ (၇.ဝ) ခန့် ရှိပါသည်။

လူထုဗဟိုပြုစီမံကိန်း ပိုမိုတိုးတက်ကောင်းမွန်စေရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဤဆွေးနွေးပွဲသို့ တက်ရောက်၍ ကျွန်မတို့နှင့်အတူတကွ ပါဝင်ဆွေးနွေးပေးနိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။ တက်ရောက်ရန် စိတ်ပါဝင်စားသည့် ပုဂ္ဂိုလ်များနှင့်အဖွဲ့အစည်းများအနေဖြင့် ကျေးဇူးပြု၍ ၂ဝ၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ထက်နောက်မကျဘဲ ဒေါ်အိစန္ဒာ cdd.drdmyanmar@gmail.com သို့ ဆက်သွယ်အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ အခမ်းအနားနှင့်ပတ်သက်၍ သိရှိလိုပါကလည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဖိတ်စာနှင့်အတူ ဆွေးနွေးပွဲအစီအစဉ် (မူကြမ်း) အား ပူးတွဲပေးပို့အပ်ပါသည်။

Documents: