လှိုင်းဘွဲမြို့နယ် တခွက်ဖိုးကျေးရွာတွင် ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း စတင်ဆောင်ရွက်

NCDDP’s Village Concrete Street Construction in Ta Khwet Hpoe of Hlaingbwe Kicked Off

Kayin, 24 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာ ၂၄

 

​ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အ​ကောင် အထည်​​​ဖော် ဆောင်ရွက်နေ သော ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင်​​ တခွက်ဖိုး ကျေးရွာ အုပ်စု ​​တခွက်ဖိုး ကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း (အရှည် ၂၇၀၀​ပေ ၊ အကျယ် ၁၂​ပေ ၊ ထု ၆လက်မ) လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း​ ထောက်ပံ့​ငွေ (၄၁,၇၀၀,၀၀၀) ကျပ်ဖြင့် စတင် အကောင် ထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်​ကြောင်း သိရသည်။

အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြု စီမံကိန်းမှ လက်​ထောက် နည်းပညာမှူး နန်းဇီဇဝါပွင့်၊ လူထု စည်းရုံး​ရေးမှူး ​​စောသန်းထိုက်စိုးတို့မှ အနီးကပ် ကြီးကြပ်မှု၊ မြို့နယ်​ ကျေးလက်​ဒေသ ဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာနနှင့် မြို့နယ် နည်းပညာ အကြံ​ပေး အဖွဲ့တို့၏ စနစ်တကျ လမ်းညွန်မှု၊ ရပ်ရွာ ပြည်သူလူထု တို့၏ ပူး​ပေါင်း ပါဝင်မှုများဖြင့် အ​ကောင် အထည်​ဖော်​ ဆောင်ရွက်​နေခြင်း ဖြစ်ပြီး လုပ်ငန်းများ ၁၀၀% ပြီးစီး သွားပါက ​​တခွက်ဖိုး ကျေးရွာမှ အိမ်​ထောင်စု (၆၄၃) စု လူဦးရေ (၃၈၄၅)ဦး တို့၏ ​ပညာ​ရေး၊ ကျန်းမာ​ရေး၊ စီးပွား​ရေး၊ လူမှု​ရေး လုပ်ငန်းများ အတွက် သွား/လာ​ရေး အဆင်​ပြေလာမည် ဖြစ်​ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25854