ကျောင်းစု ကျေးရွာ၌ လူထုဗဟိုပြုစီမံကိန်း (တတိယနှစ် စက်၀န်း) တွင် ဆောင်ရွက်လျက် ရှိသော ရွာတွင်း ကျောက်ရော မြေသားလမ်း ခင်းခြင်း လုပ်ငန်းများ (၉၅) ရာခိုင်နှုန်းပြီးစီး

NCDDP’s Village Concrete Construction in Kyaung Su of Hlaingbwe Completed 95 Percent

Kayin, 24 December 2020, Ministry of Information

ပိုင်ကျုံ ဒီဇင်ဘာ ၂၄

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ပိုင်ကျုံမြို့၊ ​ကြက်တူရွေး ကျေးရွာအုပ်စု၊ ကျောင်းစုကျေးရွာ ရွာတွင်း ကျောက်ရော မြေသား လမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ(၂၆) ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင်း ကျောက်ရော မြေသားလမ်း ခင်းခြင်း လုပ်ငန်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ ကျပ် (၁၃၇၅၀၀၀၀) ဖြင့် အ​ကောင်အထည်​ဖော်​ ဆောင်ရွက်ခြင်း ဖြစ်ပြီး (အရှည် ၁၆၀၀ပေ x အကျယ် ၁၄ပေ × ၁ပေ) ရှိပြီး လှိုင်းဘွဲမြို့နယ်၊ ​ကျေးလက်​ဒေသ ဖွံ့ဖြိုး တိုးတက်​ရေး ဦးစီး ဌာနနှင့် မြို့နယ် နည်းပညာ အကြံ ပေးအဖွဲ့တို့မှ တာ၀န်ရှိ သူများ၏ စနစ် တကျ လမ်းညွှန်မှုနှင့် ကျေးရွာ ပြည်သူလူထု တို့၏ ပူးပေါင်း ပါဝင်မှု တို့ဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိ‌ပြီး ယခုအခါတွင် (၉၅) ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း ကြက်တူရွေး ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ထံမှ သိရသည်။

 

ပိုင်ကျုံ(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/25948