လူထု ဗဟိုပြု စီမံကိန်းမှ လှိုင်းဘွဲမြို့နယ် ဥဒေါင်း ကျေးရွာ ကွန်ကရစ် လမ်းသစ် ဖွင့်လှစ်

NCDDP’s Village Concrete Street Opening Ceremony Held in U Daung Village of Hlaingbwe

Kayin, 27 December 2020, SkyNet Media Coverage

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီနဲ့ အကောင် အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) မှာ ဥဒေါင်းကျေးရွာ အုပ်စု ဥဒေါင်း ကျေးရွာ ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ ကြောင်းသိရပါတယ်။

ဖွင့်ပွဲ အခမ်းအနားကို ဥဒေါင်းကျောင်း ဆရာတော်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုနဲ့ အနိုင်ရ အရွေးချယ်ခံ ကိုယ်စားလှယ် ဒေါ်ဖြူစင်အိတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကွန်ကရစ်လမ်းက (အရှည် ၁၆၀၀ ပေ x အကျယ် ၁၂ပေ x ထု ၆လက်မ) ဖြစ်ပြီး လူထုဗဟိုပြု စီမံကိန်း မှ ထောက်ပံ့ငွေ သိန်း ၁၈၀ ကျပ် နဲ့ ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့မှာ စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့မှာ ပြီးစီးပြီး ဖြစ်တာကြောင့် ဥဒေါင်း ကျေးရွာမှ အိမ်ထောင်စု (၂၀၂) စု၊ လူဦးရေ (၁၁၉၇) ဦး တို့ရဲ့ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေး လုပ်ငန်းများ အတွက် သွား/လာရေး အဆင်ပြေလာပြီး ဖြစ်ကြောင်း သိရှိရပါတယ်။

 

သတင်း - ခင်စန်းမြင့် (ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage