တောင်ကြီးမြို့နယ် ကျေးရွာ ၈ ရွာရှိ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း VRFP ချေးငွေနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းများနဲ့ စာရင်းဇယားများအား ကွင်းဆင်းစစ်ဆေး

Outputs and Documentation of Village Revolving Fund Project Activities in 8 Villages of Taunggyi Monitored by Respective Officials

Shan, 11 November 2020, SkyNet Media Coverage

 

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တောင်ကြီး ခရိုင် တောင်ကြီးမြို့နယ် အတွင်း ရှိ ကျေးရွာ ၈ ရွာမှာ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း VRFP ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများနဲ့ စာရင်း ဇယားများ ဖြည့်သွင်းထားရှိမှု အခြေအနေများကို နိုဝင်ဘာလ ၁၀ ရက်နေ့ မနက် ၁၀ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းဌေး၊ တောင်ကြီး မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသန်းနိုင်နဲ့ ဝန်ထမ်းများက ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း VRFP ချေးငွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေများနဲ့ စာရင်းဇယားများနဲ့ တိုက်ဆိုင် စစ်ဆေးပြီး၊ လိုအပ်သည်များကို ဖြည့်စွက် မှာကြားပါတယ်။

တောင်ကြီး မြို့နယ် အတွင်း ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်းကို ကျေးရွာ ၈ ရွာ မှာ ရှိတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်၊ အသက်မွေးဝမ်းကျောင်း၊ ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း၊ ၃၇၅ ဦးကို ငွေကျပ် သန်း ၁၇၀ ထုတ် ချေးပေးထားကြောင်း သိရပါတယ်။

 

သတင်း - သန်းလွင် (မကွေး)

#VRFP, #NCDDP, #DRD, #MOALI, #WorldBank

Credit – SkyNet Media Coverage