တီးတိန်မြို့နယ်၌ (VRFP) ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းဖြင့် ဆောင်ရွက်သည့် နေကြာစိုက်ပျိုးခြင်း လုပ်ငန်း အောင်မြင်ဖြစ်ထွန်း

Flourishing Sunflower Plantation of Village Revolving Fund Project Benefitting Farmers in Tedim

Chin, 11 November 2020, Ministry of Information

တီးတိန် နိုဝင်ဘာ ၁၁

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်မှစ၍ ကျေးရွာ (၆)ရွာ၌ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများကို ပုံစံသုံးမျိုးခွဲ၍ အကောင်အထည် ဖော်ဆောင်ရွက်ရာ ဆိုင်းဇံကျေးရွာတွင် ပုံစံ - ၁ (ကျပ် သိန်းသုံးရာ)မတည်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွင် မိုးနှောင်းအချိန် နေကြာစိုက်ပျိုးခြင်းလုပ်ငန်းသည် အထူးအောင်မြင် ဖြစ်ထွန်းလျက် ရှိကြောင်း သိရသည်။

ဆိုင်းဇံကျေးရွာတွင် မတည်ရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ (၁၁)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ (၈၇)ဦး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်း ကျောင်းလုပ်ကိုင်သူ(၁၂)ဦး၊ စုစုပေါင်းအသင်းဝင် (၁၁၀)ဦးရှိကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကျိန်ရှင်းနဲမ်းထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)

#VRFP, #NCDDP, #DRD, #MOALI, #WorldBank

Credit - Ministry of Information

https://www.moi.gov.mm/iprd/news/20569