ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူး လှိုင်းဘွဲမြို့နယ်၏ (CERP) အစီအရ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

Outputs of Cash for Work Activities in Hlaingbwe Monitored by Respective Officials

Kayin, 5 November 2020, Myanmar Digital News

လှိုင်းဘွဲ ၅ နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးဌာနမှ ကိုဗစ်ကာလ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ အကောက်အထည်ဖော် ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း စစ်ဆေးခြင်းကို ယမန်နေ့က ကရင်ပြည်နယ် စီမံကိန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကွင်းဆင်း ကြည့်ရှုရာတွင် ကရင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန စီမံကိန်း တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူများက နိုင်ငံတော်က ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်း လာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် Cash For Work စီမံကိန်း၏ ရန်ပုံငွေ ၁၀၀ သိန်းစီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် ပတ်ကျောကျေးရွာ အုပ်စု မဲလောင်းကြီး ကျေးရွာတွင် ရေမြောင်း တူးဖော်ခြင်း(2' x 5850' x 2' x 2') နှင့် ကျောက်ရော မြေသားလမ်းခင်းခြင်း (2150' x 12' x 6") လုပ်ငန်း၊ ဆင်သေကုန်း ကျေးရွာတွင် ရေမြောင်း တူးဖော်ခြင်း (2' x 5000' x 2' 6" x 2') နှင့် ကျောက်ရော မြေသားလမ်း ခင်းခြင်း (1800' x 12' x 6") လုပ်ငန်း၊ ကုန်းကလေး ကျေးရွာတွင် ရေမြောင်း တူးဖော်ခြင်း (2' x 5000' x 2' 6" x 2') နှင့် ကျောက်ရောမြေ သားခင်းခြင်း (1800' x 12' x 6") လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ပေခဲ့ကြောင်း သိရသည်။

ထို့နောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစတင့်ဝေနှင့် တာဝန်ရှိသူများက လှိုင်းဘွဲမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ လူထုဗဟိုပြု စီမံကိန်း မြို့နယ် နည်းပညာ အကြံပေး အဖွဲ့များနှင့် တွေ့ဆုံကာ ကိုဗစ်-၁၉ ကာလမှာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဂရုတစိုက် ဆောင်ရွက်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ချမှတ်ထားသည့် လုပ်ငန်း စီမံချက်ကို လိုက်နာ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ၊ လိုအပ်ချက်များကို လုပ်ငန်း ကြီးကြပ်ရေး တာဝန်ခံများက ပြန်လည် ဆွေးနွေးတင်ပြရာ လိုအပ်သည့် အကြံဉာဏ်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit – Myanmar Digital News

http://www.mdn.gov.mm/index.php/my/krngpnnyny-kelkdes-phnphiuttiuttkre-uuciitthaan-duttiynnynkaaremuu-liungbhaimiunye-cerp-aciiar