ရေကြည်မြို့နယ်၌ Covid-19 ရောဂါကာလ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ကျေးရွာပေါင်း ၁၃ ရွာ၌ စီမံကိန်းများ ဆောင်ရွက်ပြီးစီး

ရေကြည် ၂၂ စက်တင်ဘာ

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် Covid-19 ရောဂါကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ Cash For Work စီမံကိန်းဖြင့် ကျေးရွာအုပ်စု ၇အုပ်စု ကျေးရွာပေါင်း ၁၃ ရွာ စီမံကိန်း လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး သွားပြီဖြစ်ကြောင်း မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေမြတ်မိုက ပြောသည်။

ကျေးရွာ တစ်ရွာလျှင် ကျပ်သိန်း ၁၀၀ ဖြင့် Cash for Work စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် လမ်းများ မြေဖို့ခြင်း လမ်းမြေရော ကျောက်ခင်းခြင်း ရေမြောင်းများ တူးဖော်ခြင်း လုပ်ငန်းများ တစ်ရာ ရာခိုင်းနှုန်း ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းများကို တိုးချဲ့ ဆောင်ရွက်နိုင်ခြင်း ကြောင့် စီးပွားရေး အခွင့်အလမ်းများ ပိုမို ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

ဆန်းတင့်(ရေကြည်)

#CFW, #CERP, #DRD, #MOALI

Credit – Myanmar Digital News

http://www.mdn.gov.mm/my/reknnymiunyn-covid-19-reaagkaal-ciipaarekucaamuaciiacnyphng-keraapeng-13-raan