မင်းတုန်းမြို့နယ် ကျေးရွာ ၈ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းထောက်ပံ့ ရန်ပုံငွေနဲ့ သဖန်းကိုင်း၊ ကံလည်၊ ကျွဲဘေး(အထက်)၊ စကတဲ(အရှေ့)၊ ကျွဲဒွန်၊ ထန်းလေးပင်၊ သော်မောင်၊ မှန်(ရွာသစ်) ကျေးရွာ ၈ ရွာမှာ မြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်း ၆ ခု၊ ချောင်းကျောက်ခင်းခြင်း လုပ်ငန်း ၂ ခုတို့ကို ကျေးရွာမှာ ရှိတဲ့ အလုပ် လက်မဲ့ ဖြစ်နေသူတွေ ဝင်ငွေ မရှိတဲ့သူတွေ အမျိုးသမီး ဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေး ကာ စီမံကိန်း လုပ်ငန်းတွေကို ဝင်ရောက်လုပ်ကိုင်စေပြီး၊ ဝင်ငွေ ရရှိအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်တဲ့အခါ တစ်နေ့တာ လုပ်အားခအဖြစ် ကျားမ မရွေး လူတစ်ဦးကို ငွေကျပ် ၄၈၀၀ ကနေ ၆၀၀၀ ကျပ် အထိ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ ဒေါ်မြတ်ဆုအောင်ထံကနေ သိရပါတယ်။

အဆိုပါ လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက နည်းပညာ ပံ့ပိုးမှု Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာ လူထု လုပ်အား အသုံးပြုပြီး၊ လုပ်အားခ ၆၀ ရာခိုင်နှုန်း ပစ္စည်း တန်ဖိုး ၄၀ ရာခိုင်နှုန်း နဲ့ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - စိုးမိုးကျော်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage