လွိုင်ကော်မြို့နယ်ရှိ ကျေးရွာ ၂၅ ရွာတွင် Cash for Work လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ Cash for Work စီမံကိန်းဟာ ကိုဗစ်-၁၉ ကာလတွင် ကျေးလက်နေ ပြည်သူလူထုများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး၊ ကျေးရွာရဲ့ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုး တိုးတက်စေရန် လုပ်အားခ ပေးချေ စနစ်ဖြင့် ဆောင်ရွက်လျက် ရှိတဲ့ စီမံကိန်း တစ်ခု ဖြစ်ပါတယ်။

လွိုင်ကော် မြို့နယ်မှာ Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၂၅ ရွာက ရရှိကြပါတယ်။ ကျေးရွာ တစ်ရွာလျှင် ထောက်ပံ့ငွေကျပ် သိန်း ၁၀၀ ရရှိကြပြီး၊ ရွာတွင်း အမာခံ လမ်းခင်းခြင်း၊ ကွန်ကရစ် လမ်းခင်းခြင်း၊ ရွာတွင်း ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါတယ်။

လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာ အုပ်စု ဒေါဆော်ဘီး ကျေးရွာနဲ့ ဒေါတခြား(ပအို့ဝ့်) ကျေးရွာ၊ နွားလဝိုး ကျေးရွာ အုပ်စု လင်ဖုံ(အပေါ်) ရွာနဲ့ ဒေါခေါခူ ရွာမှာ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေတဲ့ လုပ်ငန်းများကို လွိုင်ကော် မြို့နယ် ကျေးလက် ဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဒေါ်အိအိခင်နဲ့ တာဝန်ရှိသူများက ဩဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက စစ်ဆေးပြီး လုပ်ငန်းများ အချိန်မှီ ပြီးစီးရေး မှာကြားခဲ့ကြောင်း သိရပါတယ်။

သတင်း - လွိုင်ကော် သတင်း ဌာနခွဲ ( မြန်မာ့ အသံနှင့် ရုပ်မြင် သံကြား)

#CFW, #CERP, #DRD, #MOALI

Credit- MRTV Media Coverage