မချမ်းဘော့တွင် ကျေးလက်ဒေသ ပြည်သူများအား Cash for Work စီမံကိန်းဖြင့် Covid-19 ကာလတွင် ဝင်ငွေရရန် အတွက် ရန်ပုံငွေ လွှဲပြောင်းပေးအပ်

မချမ်းဘော့ သြဂုတ် ၁၁

 

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘော့မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ Cash For work စီမံကိန်းဖြင့် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသရှိ ပြည်သူများအား ရန်ပုံငွေလွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ပူတာအိုခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ဇော်လင်းက Cash for work စီမံကိန်းဖြင့် ကိုရိုနာဗိုင်းရပ်ကူးစက်ရောဂါ အကျိုးသက်ရောက်ခြင်းခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား ၎င်းတို့ ကျေးရွာ၏ အခြေခံအဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ၎င်းတို့ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခငွေပေးချေခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန် ရည်ရွယ်ကြောင်း ရှင်းလင်းပြောကြားပြီး မချမ်းဘော့မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြင့်ဇော်ဦးက ယင်းစီမံကိန်းအကြောင်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ရာ ထန်ဂါးကျေးရွာမှ ကျပ်သိန်းတစ်ရာတိတိနှင့် ရှိန်ကိုင်ယာန်ကျေးရွာမှ ကျပ်သိန်းတစ်ရာတိတိကို ကျေးရွာကိုယ်စားလှယ်တစ်ဦးချင်းက လက်ခံရယူခဲ့ကြောင်း သိရသည်။

 

ခွန်လင်းဦး(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information