တန့်ဆည်မြို့နယ် တောင်ကြောင်း ကျေးရွာ၌ Cash for Work စီမံကိန်း လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်

တန့်ဆည် ဩဂုတ် ၁၁

 

စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် လိပ်ခြံအုပ်စု၊ တောင်ကြောင်းကျေးရွာ တွင် Cash for Work စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း (၁၀၀) ဖြင့် ကျေးရွာ ရွာတွင်းလမ်း ဂျင်းလမ်းခင်းခြင်း လုပ်ငန်းကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ရာ လုပ်ငန်းအားလုံး (၅၀%)ခန့် ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးရွာတွင်းလမ်းသည် အရှည်(၄၃၃၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၈)လက်မဖြစ်ပြီး ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်အရ ကျေးလက်နေ မိသားစုဝင်များ ဝင်ငွေ လျော့နည်း လာမှုများနှင့် စားဝတ်နေရေး အခက်အခဲများ ကုစားပေးရန်၊ ကျေးရွာ၏ ကုန်ထုတ် လုပ်ငန်းနှင့် အခြေခံ အဆောက် အဦဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကိုယ်တိုင ်ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေး ချေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ချက်ချင်းဝင်ငွေရရှိစေရန် ရည်ရွယ်၍ မြို့နယ် ကျေး လက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း တစ်ရွာလျှင် ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၀)စီဖြင့် ကျေးရွာပေါင်း (၆)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိကြောင်း မြို့နယ် ကျေးလက် ဒေသဖွံ့ ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

ငြိမ်းမင်းထွန်း(တန့်ဆည်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3743