ကျောက်ကြီးမြို့နယ်၌ Cash for Work စီမံချက်အရ ကျေးရွာများတွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး

ကျောက်ကြီး ဩဂုတ် ၁၀

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနက နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ ကျေးလက်နေ မိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက် အခဲများကို ကုစားပေးနိုင်ရန်အတွက် (Cash For Work) စီမံချက်နှင့် (VRFP)စီမံချက်များ ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိရာ ပြီးစီးမှုအခြေအနေအား ယမန်နေ့ နံနက်က မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

အဆိုပါစီမံချက်ပါ ကျေးရွာများဖြစ်သော သဲကုန်းကျေးရွာမှ သုဿာန်လမ်းအား ဂဝံလမ်းခင်းပေးခြင်း၊ ကျေးရွာအတွင်း၌ ရေမြောင်းများ တူးဖော်ခြင်းနှင့် ဂဝံလမ်းပြုပြင်ပေးခြင်း၊ ဆိပ်ကြီးကျေးရွာ၌ သုဿာန် ဂဝံလမ်းခင်းပေးခြင်းနှင့် ရေမြောင်း တူးဖော် ပေးပြီး မြေသားတင်ပေးခြင်း၊ မအူပင်ဆိပ်ကျေးရွာ မြေထိန်းနံရံပြုပြင်ပေးခြင်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

K ခိုင် (ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

Ministry of Information

https://www.moi.gov.mm/iprd/news/3470