“ဝင်ငွေရရှိရေး အလုပ်အကိုင်ဖန်တီးပေး” Cash for work စီမံကိန်းမြို့နယ် စီမံကိန်း ရေးဆွဲရေးနှင့် အကောင်အထည် ဖော်ဆောင်ရေး အစည်းအဝေးကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ Cash for Work စီမံချက်၊ ကျေးရွာလည်ပတ် ရန်ပုံငွေ စီမံချက် (VRFP) များ ပြုလုပ်လျက်ရှိရာမှာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်မှာ Cash for Work စီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကျေးရွာလူထုတွေက ရွေးချယ်ထားတဲ့ စီမံကိန်း လုပ်ငန်းခွဲတွေကို သက်ဆိုင်ရာ ဌာန အသီးသီးမှာ ရှိတဲ့ ဆောင်ရွက်ဖို့ လျာထားတဲ့ စီမံကိန်းလုပ်ငန်းများမှာ ပါဝင်ခြင်းရှိ မရှိ၊ ဌာနမူဝါဒ လုပ်ငန်းစဉ်တွေနဲ့ ကိုက်ညီမှု ရှိ မရှိ စီစစ် အတည်ပြု ပေးနိုင်ဖို့ ရည်ရွယ်ပြီး၊ မြို့နယ်အဆင့် စီမံကိန်း ရေးဆွဲရေးနဲ့ အကောင်အထည်ဖော်ရေး ကော်မတီ အစည်းအဝေးကို ဇူလိုင်လ ၂၃ရက်နေ့က ကျောက်ကြီးမြို့နယ် လူထုဗဟိုပြု စီမံကိန်းရုံးမှာ ကျင်းပပြုလုပ်ပါတယ်။

 

ဆွေးနွေး အတည်ပြုချက်တွေအရ ကျောက်ကြီးမြို့နယ်မှာ Cash for Work စီမံကိန်း ဆောင်ရွက်မယ့် ကျေးရွာ ၈ ရွာအတွက် တစ်ရွာကို ရန်ပုံငွေကျပ် ၁၀ သန်းနဲ့ စုစုပေါင်း ရန်ပုံငွေကျပ် သန်း ၈၀ နဲ့ စီမံကိန်း လုပ်ငန်းခွဲပေါင်း ၂၉ ခုကို ဆောင်ရွက်ဖို့ အတည်ပြုပေးခဲ့ပြီး စီမံကိန်းကာလ (၃) လတာ အတွင်း ပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - ဝင်းညီညီလတ် (CSAG)

#CERP, #CFW, #DRD, #MOALI