လေးမျက်နှာမြို့နယ်အတွင်း Cash for Work စီမံကိန်းနှင့် (VRFP) ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်းများကို ကျေးရွာ (၁၇) ရွာတွင် ဆောင်ရွက်မည်

လေးမျက်နှာ ဇူလိုင် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကိုဗစ်-၁၉ ကြောင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ထိခိုက်မှုများကို တုံ့ပြန်ဆောင်ရွက်သည့် အနေဖြင့် လေးမျက်နှာမြို့နယ်အတွင်း Cash for Work စီမံကိန်းကို ကျေးရွာပေါင်း (၁၀) ရွာနှင့် (VRFP) ကျေးရွာမ တည်ရန်ပုံငွေ စီမံကိန်းကို ကျေးရွာပေါင်း (၇) ရွာတွင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

အဆိုပါ စီမံကိန်းများအနက် Cash for Work စီမံကိန်းသည် ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသော ကျေးရွာ၏ လိုအပ်ချက်များကို ကျေးရွာလူထုကိုယ်တိုင် ရွေးချယ်ဖော်ထုတ်ပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေပြီး ချက်ခြင်းလုပ်အားခပေးချေခြင်းစနစ်ဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသည့် စီမံကိန်း ဖြစ်ကြောင်း၊ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းသည် အသေးစား စိုက်ပျိုးထုတ်လုပ်သူများ၊ လုပ်ကွက်ငယ် တောင်သူများ သွင်းအားစုရရှိစေရေးနှင့် မိသားစုဝင်ငွေ တိုးပွားလာစေရန်အတွက် ကျေးရွာရှိ အိမ်ခြေအပေါ် မှုတည်ပြီး ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း(၁၀ဝ)မှ သိန်း (၃၀ဝ)အထိ ထောက်ပံ့၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုးကျော်သူကပြောသည်။

လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း ခြင်းများကို ဇူလိုင်လ ပထမပတ်ကစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/7/07/2020/id-22986