ကျွန်းလှ မြို့နယ်တွင်း အင်းကောင်းကျေးရွာ စာသင်ကျောင်း တည်ဆောက်ပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ ခရိုင် ကျွန်းလှ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ပံ့ပိုး ရန်ပုံငွေနဲ့ အင်းကောင်းအုပ်စု အင်းကောင်း ကျေးရွာမှာ စာသင်ကျောင်း တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာမှာ ယခုအခါမှာတော့ ရာနှုန်းပြည့် အကောင်အထည်ဖော် ပြီးစီးပြီ ဖြစ်တယ်လို့ သိရပါတယ်။

လူထု ဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်း ပံ့ပိုး ရန်ပုံငွေ ကျပ်သန်း ၃၈ ဒဿမ ၄၉ သန်းနဲ့ အလျား ၁၂၀ ပေ၊ အနံ ပေ ၃၀၊ အမြင့် ၁၂ ပေ၊ စာသင်ကျောင်းဆောင် တည်ဆောက်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း လက်ထောက်နည်းပညာမှူး တွေရဲ့ နည်းပညာ အကူအညီ၊ အနီးကပ် ကြီးကြပ်မှုနဲ့ အခုနှစ် ဇန်နဝါရီလက စတင် ဆောင်ရွက်လျက် ရှိရာမှာ

အခုအခါမှာတော့ လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်ပါတယ်။

ကျွန်းလှ မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လူထုဗဟိုပြု စီမံကိန်း ဒုတိယနှစ် စက်ဝန်းမှာ ကျေးရွာအုပ်စု၊ ကျေးရွာပေါင်း ၁၁၄ ရွာမှာ ကျေးရွာတွင်း လမ်းခင်းခြင်း ၈၂ ခု၊ စာသင်ကျောင်း ခြံစည်းရိုးကာရန်ခြင်း လုပ်ငန်း ၉ ခု၊ ရေပေးရေး လုပ်ငန်း ၂ ခု၊ မီလင်းရေး လုပ်ငန်း ၁၅ ခုနဲ့ ကျေးရွာ ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်း ၄ ခု၊ စုစုပေါင်း လုပ်ငန်း ၁၁၂ ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တယ်လို့ ကျွန်းလှ မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်လှိုင်ဝင်းထံကနေ သိရပါတယ်။

သတင်း - ဖြိုးထက်အောင် (ပျော်ဘွယ်)

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank