ကန်နီမြို့နယ်မှာ Covid-19 ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင် ကန်နီမြို့နယ်မှာ Covid-19 ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို မေလ ၅ ရက်နေ့ မနက် ၉ နာရီခွဲက မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမမှာ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် လူထု ဗဟိုပြု စီမံကိန်းမှ ထောက်ပံ့တဲ့ Surgical Mask အခု ၇၂၀၊ Hand Sanitizer များကို ခရိုင် ဦးစီးမှူး ဦးသန့်စင်စိုးနဲ့ မြို့နယ် ဦးစီးမှူး ဦးဘိုဆန်းတို့က ကန်နီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများနဲ့ လူထု ဗဟိုပြု စီမံကိန်း ဆောင်ရွက်နေသော ဝန်ထမ်းများထံ ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါအပြင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် တိုင်းဒေသကြီး ခရိုင်မှ ညွှန်ကြားချက်များနဲ့ ဆက်လက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်များ ချပြ ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက် ခဲ့ကြတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank