ကြာအင်းဆိပ်ကြီးမြို့နယ်၊ လူထုဗဟိုပြုစီမံကိန်း၊ ဝါးဘိုးကုန်းကျေးရွာ လမ်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကြာအင်းဆိပ်ကြီးမြို့ ဧပြီ ၈

          ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကြခတ်ချောင်းအုပ်စု၊ ဝါးဘိုးကုန်းကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းမှ ကျေးရွာတွင်း ဂဝံမြေသားလမ်းဖွင့်ပွဲအခမ်းအနားနှင့် လူထုစစ်ဆေးပွဲအခမ်းအနားကို (၈.၄.၂၀၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားတွင် KNU တပ်မဟာ (၆)၊ တပ်ရင်း(၁၇)၊ တပ်ခွဲ(၂)၊ ကြာအင်းဆိပ်ကြီးမြို့မှ ဆက်သွယ်ရေးအရာရှိ ဗိုလ်စောဘီ(ခ)စောအေစီဂျိမ်း၊ ကြခတ်ချောင်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျင်ဆန်း၊ လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်နှင့် ဘဏ္ဍာရေးအရာရှိ ဒေါ်ဇာဇာဟန်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

          ထို့နောက် လူထုဗဟိုပြုစီမံကိန်းမှ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်မြင့်မှ ဖွင့်ပွဲအမှာစကားပြောကြားပြီး ကျေးရွာလူငယ်များမှ ကရင်ဒုံးအကဖြင့် ကပြခဲ့ပါသည်။