လူထုဗဟိုပြုစီမံကိန်းစတုထ္ထနှစ်စက်ဝန်းအတွက် ကျေးရွာစီမံကိန်းလုပ်ငန်းအတည်ပြုရေးဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊နိုဝင်ဘာလ ၁၃ ရက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ချောင်းဆုံမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လူထုဗဟိုပြု စီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)တွင် ဆောင်ရွက်မည့်ကျေးရွာစီမံကိန်းလုပ်ငန်းခွဲများအား အတည်ပြုအကောင်အထည်ဖော်ရန် ပထမအကြိမ်မြို့နယ်စီမံကိန်းရေးဆွဲရေးနှင့် အကောင် အထည်ဖော်ရေးကော်မတီအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခြင်းကို နိုဝင်ဘာလ(၁၃)ရက်နေ့ နေ့လည်(၂)နာရီက မြို့နယ်ထွေ/အုပ်ရုံးအစည်းအဝေးခန်းမတွင်ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲတွင်မြို့နယ်ထွေ/အုပ် ဒုဦးစီးမှူးဦးမြတ်ထွန်းအောင်က အမှာစကားပြောကြား ပြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဗညား က စီမံကိန်း အကြောင်းအရာများနှင့် ကျေးရွာများတွင်အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်း လုပ်ငန်းခွဲများအားရှင်းလင်းပြောကြားပြီးမြို့နယ်စီမံကိန်းရေးဆွဲရေးနှင့်အကောင်အထည်ဖော်ရေး ကော်မတီအဖွဲ့မှ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါလူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စက်ဝန်းအတွက် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၃၁)အုပ်စု၊ ကျေးရွာပေါင်း (၅၃)ရွာမှလုပ်ငန်းခွဲပေါင်း(၁၁၇)ခုအား အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရှိရသည်။