မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် နိုင်ငံတကာလူထုဗဟိုပြုစီမံကိန်း ကျွမ်းကျင်ပညာရှင် Mr Paul Gerard M Boon လူထုဗဟိုပြု စီမံကိန်းကျေးရွာများသို့ကွင်းဆင်းဆောင်ရွက်

Sep, 7, 2018

Cardno အဖွဲ့မှ နိုုင်ငံတကါ လူထုဗဟိုပြုစီမံကိန်းကျွမ်းကျင် ပညာရှင် Mr Paul Gerard M Boon သည် ထီးလင်းမြို့နယ် ဝါးဘိုးချောင်ကျေးရွာသို့သွားရောက်ကာ လူထုဗဟိုပြုစီမံကိန်းမှ အကေါင်အထည်ဖော် ဆောင်ရွက်ခဲ့သော ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း၊ ရေပေးဝေရေလုပ်ငန်းနှင့် တံတားပြုခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်၊ အကြံပြုသွားကြောင်း သိရှိရသည်။

ထို့နောက် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာရပ်မိရပ်ဖများ၊ ကော်မတီဝင်များ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံကာကျေးရွာလူထုက ရွေးချယ်တင်မြှောက်ထားသော ကျေးရွာစီမံကိန်းအထောက် အကူပြုကော်မတီ ဥက္ကဌများ၊ ဘဏ္ဍာရေးအဖွဲ့ဝင်များ၊ ဝယ်ယူရေးအဖွဲ့ဝင်များ၊ စောင့်ကြည့်ကြီးကြပ်ရေး အဖွဲ့ဝင်များ၊ လည်ပတ်ထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံကါ မိမိကဏ္ဍအလိုက် ယခင်နှစ်က တွေ့ကြုံခဲ့ရသော၊ လုပ်ငန်းအတွေ့အကြုံများ၊ အခက်အခဲများ၊ ပြဿနာဖြေရှင်းခဲ့ပုံများ၊ စသည်များကို သင်ခန်းစာရယူပြီး ယခုနှစ်တွင် ပိုမိုကေါင်းမွန်သော စီမံထားမှုများ၊ မည်သို့မည်ပုံ ဆောင်ရွက်မည်များကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ နိုင်ငံအချို့တွင် ဆောင်ရွက် အကေါင်အထည်ဖော်နေသော လူထုဗဟိုပြုစီမံကိန်းနှင့် မြန်နိုင်ငံတွင် လုပ်ကိုင်ဆောင်ရွက် အကေါင်အထည်ဖော်နေသော လူထုဗဟိုပြုစီမံကိန်းနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ စီမံကိန်းကါလပြီးဆုံးသည့်နောက်ပိုင်းတွင်လည်း လူထုဗဟိုပြုစီမံကိန်းက ဖွဲ့စည်းဆောင်ရွက်ခဲ့သော ဖွဲ့စည်းပုံနည်းစနစ်၊ ကျင့်သုံးခဲ့သော နည်းလမ်းများအတိုင်း ကေါင်မွန်စွာ အသုံးပြုလုပ်ကိုင်နိုင်ရေးကိစ္စများကို ဆွေးနွေးခဲ့ပါသည်။

နေ့လည်ပိုင်းတွင် Mr Paul Gerard M Boon နှင့် အဖွဲ့သည်။ အုန်းတော ကျေးရွာသို့ဆက်လက် ထွက်ခွါသွားပြီး၊ ကျေးရွာတွင် ကျေးရွာအုပ်ချုုပ်ရေးမှူး၊ရပ်မိရပ်ဖများ၊လူထုဗဟိုပြုစီမံကိန်းကော်မတီဝင်များ ကျေးရွာသူ ကျေးရွာသားများနှင့်တွေဆုံကာ လူထုဗဟိုပြုစီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးသွားကြောင်း သတင်းရရှိသည်။

စိုးမိုး(မကွေး)