ကမ္ဘာ့ဘဏ်မှနိုင်ငံခြားသားပညာရှင်များနှင့် သက်ဆိုင်သူများပါဝင်သည့် သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကျင်းပ

(၂၅.၁.၂၀၁၈) လွိုင်ကော်မြို့

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကယားပြည်နယ်လူထုဗဟိုပြုစီမံကိန်းရုံးတွင် (၂၅.၁.၂၀၁၈)ရက်နေ့ နေ့လည်(၂:၀၀)နာရီ အချိန်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမော်မော်မှ အမှာစကားပြောကြားခဲ့ပြီး၊ ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီး ဦးဘော့စ်ကိုမှ အမှာစကားပြောကြားခဲ့ပါသည်။ ကမ္ဘာ့ဘဏ်မှ Mr.Ingo (International CDD Specialist)မှ မိတ်ဆက်စကားပြောကြားခဲ့ ပြီး လာရောက်ရသည့်ရည်ရွယ်ချက်အား ပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ပြည်နယ် စီမံကိန်းတာဝန်ခံ ဦးသန့်ဇော်လွင်မှ ပြည်နယ်အတွင်းCDD စီမံကိန်းဆောင်ရွက်နေမှုများ အား ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသော TPIC အဖွဲ့ဝင်များ CSO များမှ CDD စီမံကိန်းနှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်းခဲ့ရာ သက်ဆိုင်ရာတာဝန်ခံ များမှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ပြည်နယ်ဦးစီးမှူးကိုယ်စား လွိုင်ကော်ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်းမှ နိဂုံးချုပ်စကားပြော ကြားခဲ့ပါသည်။ အခမ်းအနားတွင် ဝန်ကြီး(၂)ပါး၊ TPIC အဖွဲ့ဝင်များ၊ CSO များ၊ DRD၊ CDD ဝန်ထမ်းများ၊ စုစုပေါင်း(၄၄)ဦးတက်ရောက်ခဲ့ပါသည်။