ငပုတောမြို့နယ်တွင် စည်းရုံးရေးမှူးများအား CMT Refresher Training ပေးခြင်း

နိုဝင်ဘာလ (၁၈) ရက်၊ ငပုတော

    ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ငပုတော မြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းမှ စည်းရုံးရေးမှူးများအား  CMT Refresher Training ကို နံနက် (၉:၀၀)နာရီ၊ (၁၈.၁၁.၂၀၁၉) ရက်နေ့မှ (၁၉.၁၁.၂၀၁၉) ရက်နေ့အထိ ငပုတောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်သူမင်းမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့်  သင်တန်း ကာလမှာ (၂)ရက်တာ ကြာမြင့်၍ DRD CounterPartများနှင့် TTA များမှ သက်ဆိုင်ရာကဏ္ဍအလိုက် သင်တန်း ဆွေးနွေးပို့ချ၍ လက်ထောက်နည်းပညာရေးမှူး (၂၉)ဦး နှင့် လူထုစည်းရုံးရေးမှူး (၅၄) ဦး စုစုပေါင်း (၈၃) ဦး တက်ရောက်ခဲ့ပါသည်။

   အဆိုပါသင်တန်းကို ကျေးရွာများတွင် လူထုဗဟိုပြုစက်ဝန်း၏ စီမံကိန်းလုပ်ငန်းခွဲများ ကြိုတင် ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းများ ကူညီပံ့ပိုးပေးနိုင်ရန်၊ ၎င်းအဆင့်များတွင်  ကျေးရွာစီမံခန့်ခွဲမှု အဖွဲ့အနေဖြင့် မည့်သည့်လုပ်ငန်းများ ဆောင်ရွက်ရမည်ကို သိရှိနားလည်စေရန် ကူညီပြီးဆောင်ရွက်ရမည့် ကိစ္စများအတွက် ၎င်းတို့၏ ယုံကြည်မှု၊ ဗဟုသုတနှင့် စွမ်းရည်များမြှင့်တင်ပေးရန်နှင့် ကျေးရွာလူထုထံသို့ ကျေးရွာ စီမံခန့်ခွဲမှုအဖွဲ့သင်တန်းပေးနိုင်ရန်  ရည်ရွယ်၍ သင်တန်းပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။