Conflict Sensitive Refresher Training ဖွင့်လှစ်

လွိုင်ကော် ဒီဇင်ဘာ လ(၁၀) ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ပြည်နယ်လူထုဗဟိုပြုစီမံကိန်းမှ ဦးစီး၍ Conflict Sensitive Refresher Training အား လွိုင်ကော်မြို့ ၊ သာသနာ့ဗိမာန်တွင် (၁၀.၁၂.၂၀၁၈)ရက်နေ့၌ဖွင့်လှစ် ခဲ့ရာဖွင့်ပွဲတွင် ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားခြင်း ၊ ပြည်နယ်စီမံကိန်း တာဝန်ခံမှ သင်တန်းနှင့်ပတ်သက်၍ လိုအပ်သည်များဖြည့်စွက်မှာကြားခြင်း၊ သင်တန်း ဆရာမ ဒေါ်မြတ်သန္တာကိုမှ မိတ်ဆက်စကားပြောကြားခြင်းဖြင့် သင်တန်းကို ဖွင့်လှစ်ခဲ့ပါသည်။ ထိုသင်တန်းတွင် ပြည်နယ်စီမံကိန်းရုံးမှ သင်တန်းသား (၃)ဦး၊ လွိုင်ကော်+ ရှားတောမြို့နယ်မှ သင်တန်းသား (၁၃) ဦး၊ ဒီးမော့ဆိုမြို့နယ် မှ သင်တန်းသား (၈) ဦး၊ ဖရူဆိုမြို့နယ်မှ သင်တန်းသား(၉) ဦး၊ ဘောလခဲ+ ဖားဆောင်း+မယ်စဲ့မြို့နယ်မှ သင်တန်းသား (၉) ဦး၊ စုစုပေါင်း သင်တန်းသား(၄၂)ဦးတက်ရောက်ခဲ့ပါသည်။ သင်တန်း ကာလမှာ(၂)ရက်တာသင်ကြားခဲ့ပါသည်။