စည်းရုံးရေးမှူးသင်တန်းအပိုင်း(၃)ဖွင့်လှစ်ခြင်း

Mon

ဘီးလင်းမြို့နယ်၊ဖေဖော်ဝါရီလ(၁၅)

          စိုက်ပျိုးရေး၊မွေးမြူးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဘီးလင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်းမှ ၁၃-၂-၂၀၁၉ ရက်နေ့မှ ၁၅-၂-၂၀၁၉ ရက်နေ့ ထိစည်းရုံးရေးမှူးများအတွက် (TOF-3) မွမ်းမံသင်တန်းအပိုင်း(၃)ကို မင်းကျောင်းဘုန်းကြီး ကျောင်းတွင် ဖွင့်လှစ်ခဲ့ပြီးသင်တန်းသား၊ သင်တန်းသူ (၄၄) ဦးတက်ရောက်ခဲ့ကြပါသည်။ အဆိုပါသင်တန်း၌ စည်းရုံးရေးမှူးများအားစီမံကိန်းလုပ်ငန်းခွဲများပြီးစီး၍  ပိတ်သိမ်းသည့်အခါ လုပ်ကိုင်ရမည့် လုပ်ငန်းအဆင့်ဆင့်အားစာတွေ့လက်တွေ့ ပို့ချပေးသွားမည်ဖြစ်ပါသည်။