မွန်ပြည်နယ်အတွက် စီမံကိန်းမြို့နယ် ရွေးချယ်ခြင်းဆိုင်ရာ အကြံဉာဏ်ရယူခြင်း အစည်းအဝေးဖိတ်ကြားစာ

လူထုအခြေပြုဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်း တတိယနှစ် အကောင်အထည်ဖော် ဆောင်ရွက်ရန် မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင််ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် စီမံကိန်းမြို့နယ် တစ်မြို့နယ်စီရွေးချယ်ရန်အတွက် အကြံဉာဏ်ရယူခြင်း အစည်းအဝေးများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်၏ မြို့တော်များတွင် ကျင်းပသွားမည် ဖြစ်ပါသည်။ ယင်းအစည်းအဝေးသို့ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေသော အဖွဲ့အစည်းများ အား ဖိတ်ကြားသွားမည် ဖြစ်ပါသည်။

မွန်ပြည်နယ်အတွက် မြို့နယ်ရွေးချယ်ခြင်းအစည်းအဝေးကို ၂ဝ၁၄၊ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် မော်လမြိုင်မြို့၌ ကျင်းပမည် ဖြစ်ပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းတွင်  ဘားအံ၊ မြစ်ကြီးနားနှင့် လွိုင်ကော်မြို့တို့၌ ကျင်းပသွားမည် ဖြစ်ပါသည်။ စီမံကိန်းမြို့နယ် ရွေးချယ်မှုဆိုင်ရာ သတ်မှတ်ချက် များ၊ အစည်းအဝေးအစီအစဉ်နှင့် စီမံကိန်းအချက်အလက်များကို ဤနေရာမှ ရယူနိုင်ပါ သည်။ အစည်းအဝေးကို မြန်မာဘာသာတစ်မျိုးတည်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်ပြီး ဘာသာပြန် ပေးမည့်အစီအစဉ် ပါဝင်ခြင်းမရှိပါ။

အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူထုဗဟိုပြုအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဘက် အဖွဲ့ အစည်းများအနေဖြင့် မော်လမြိုင်မြို့တွင် ကျင်းပမည့် အစည်းအဝေးကို တက်ရောက်ရန် စိတ်ပါ ဝင်စားမှုရှိပါက cdd.drdmyanmar@gmail.com သို့ ဒီဇင်ဘာလ (၁၅) ရက်ထက် နောက်မကျစေဘဲ ဆက်သွယ်အကြောင်းကြားပါရန်နှင့် မော်လမြိုင်မြို့အစည်းအဝေးအတွက် အချက်အလက်များနှင့် ဘားအံ၊ မြစ်ကြီးနားနှင့် လွှိုင်ကော်မြို့တို့၌ ကျင်းပမည့် အစည်းအဝေး အစီအစဉ်များကို ဆက်လက် အကြောင်းကြားသွားမည်ဖြစ်ပါကြောင်း လေးစားစွာ အကြောင်းကြားပါသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန