လူထုဗဟိုပြုစီမံကိန်းပြခန်းနှင့်စီမံကိန်းဆိုင်ရာသတင်းအချက်အလက်လှုံ့ဆော်အသိပေးမှုပွဲကျင်းပပြုလုပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနပြခန်းနှင့် လူထုဗဟိုပြုစီမံကိန်းအကြောင်းအများပြည်သူများမှ ပိုမိုသိရှိစေရန်ရည်ရွယ်၍ စီမံကိန်းဆိုင်ရာသတင်းအချက်အလက်လှုံ့ဆော်အသိပေးမှုပွဲကို ချင်းပြည်နယ်နှင့်စီမံကိန်းဆောင်ရွက်ရာမြို့နယ်များဖြစ်သောတွန်းဇံမြို့နယ်နှင့် မတူပီမြို့နယ်များပူးပေါင်းလျက် (၁၂.၂.၂၀၁၉)ရက်နေ့တွင် ကျရောက်သော (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဟားခါးမြို့၊ ဝမ္မသူးမောင်းအားကစားကွင်း၌ ပြုလုပ်ခဲ့ပါသည်။ ပြခန်းတွင် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်သော စီမံကိန်းလုပ်ငန်းခွဲများနှင့်စီမံကိန်းလှုပ်ရှားမှုမှတ်တမ်းဓါတ်ပုံများ၊ IEC ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ အဆိုပါပြခန်းသို့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ချင်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်နှင့်အတူ ချင်းပြည်နယ်အစိုးရအဖွဲ့မှ လာရောက်ကြည့်ရှုခဲ့ကြရာစီမံကိန်းနှင့် ပတ်သက်သည့်အကြောင်းအရာများကို ချင်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်မှ ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။ Campaign တွင် စီမံကိန်းနှင့်သက်ဆိုင်သော မေးခွန်းမေးမြန်းခြင်းများပြုလုပ်ရာ စိတ်ပါဝင်စားဝင်ရောက်ဖြေဆိုသူများအား စီမံကိန်းတံဆိပ်ပါ ဦးထုပ်၊ တီရှပ်၊ ဘောပင်များကို လက်ဆောင်ပေးခဲ့ကြပြီး လာရောက်ကြည့်ရှုလေ့လာသူပေါင်း(၂၃၀)ခန့်ရှိပါသည်။