မွန်ပြည်နယ် ပေါင်မြို့နယ်တွင် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းဝေးပွဲ ကျင်းပ

NCDDP

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) ပေါင်မြို့နယ်တွင် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော  သုံးသပ်ခြင်း အစည်းဝေးပွဲ ကို မွန်ပြည်နယ် ပေါင်မြို့နယ်တွင် (၂၄.၆.၂၀၁၈)ရက်နေ့တွင် ဇင်းကျိုက် ရတနာမွန်ခမ်းမ၌ နံနက်(၉း၀၀)နာရီအချိန်တွင် ကျင်းပဆောင်ရွက်လျှက်ရှိပါသည်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်မှ စီမံကိန်းဆောင်ရွက်မှုများအား အကြံပြုပြောကြားပြီးနောက် ပြည်နယ်စီမံကိန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မျိုးလွင်မှ အမှာစကား ပြောကြားခဲ့ပါသည်။  ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လတ်မှ စီမံကိန်းအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာသက်နိုင်မှ ဆုရွှေချယ်ခြင်းနှင့် ပါတ်သက်သည်များအား ရှင်းလင်းပြောကြားခဲ့ ပါသည်။ ပေါင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒေါ်သဉ္ဇာဝင်း မှစီမံကိန်းဆောင်ရွက်မှုများအား Vedio  Presentation ဖြင့်ရှင်းလင်းတင်ပြခဲ့ပါသည်။  တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စီမံကိန်းကော်မတီဝင်များမှ အုပ်စုအဖွဲ့ငယ်များဖွဲ့စည်း၍ ဆွေးနွေးမှုများဆောင်ရွက်ခဲ့ပြီး ဆွေးနွေးမှုရလဒ်များအား ပြန်လည်တင်ပြမှုများဆောင်ရွက်ခဲ့ပါသည်။ဆက်လက်၍ တစ်နှစ်တာ ဆောင်ရွက်ခဲ့သော ကျေးရွာ/ကျေးရွာအုပ်စုများမှ အကောင်းဆုံးဆောင်ရွက်ခဲ့သော ကျေးရွာ/ ကျေးရွာအုပ်စုများအား  ဆုတံဆိပ်များပေးအပ်ခဲ့ပါသည်။ ပေါင်မြို့နယ် နည်းပညာအကြံးပေးအဖွဲ့ခေါင်းဆောင်မှ နိဂုံးချုပ်ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။