ဓနုဖြူ (နိုဝင်ဘာ ၁၅)
ဧရာဝတီတိုင်းဒေသကြီးကွပ်ကဲမှုအောက်ရှိ၊ ဓနုဖြူမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းအကြောင်းကို အများ ပြည်သူများမှ ထဲထဲဝင်ဝင်သိရှိလာစေရန်၊ စီမံကိန်းဝန်ထမ်းများနှင့် ပြည်သူလူထုထိတွေ့ဆက်ဆံမှုအားကောင်စေရန်၊ ဌာနဆိုင်ရာများနှင့် အပြန်အလှန်နားလည်မှုတည်ဆောက်နိုင်စေပြီး စီမံကိန်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှုအားကောင်း၍ အတူတကွလက်တွဲဆောင်ရွက်လာစေရန်၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့် ကာလအတွင်း သတင်းပြန်ကြားဆက်သွယ်ရေး လုပ်ငန်းစဉ်များဖြင့် ပံ့ပိုးကူညီ ဆောင်ရွက်ခြင်းဖြင့် လူထုဗဟိုပြုစီမံကိန်းအကြောင်းကို ထိရောက်စွာ အသိညာပေးနိုင်သော ရည်ရွယ်ချက်ဖြင့် (၁၅-၁၁-၂၀၁၉ မှ ၁၆-၁၁-၂၀၁၉) ရက်နေ့တွင် ဓနုဖြူမြို့နယ် ရွှေဂူ အမှတ် (၂) အခြေခံအထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက် သော ကလေးစာပေပွဲတော်တွင် သတင်းပြန်ကြားဆက် သွယ်ရေးနှင့် ဓါတ်ပုံပြခန်းအား ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ကျင်းပဆောင်ရွက်ခဲ့ရာတွင် ဧရာဝတီတိုင်းဝန်ကြီးချုပ် ဉီးလှမိုးအောင်၊အစိုးရအဖွဲ့ဝန်ကြီးများနှင့် တာဝန်ရှိသူများက သတင်းပြန်ကြားဆက်သွယ်ရေးနှင့် ဓါတ်ပုံပြခန်းအား လာရောက်ကြည့်ရူခဲ့ပါသည်။ထိုအပြင်အများပြည်သူများ၊ မြို့နယ် အတွင်းမှကျောင်းသား/ကျောင်းသူများလည်း လာရောက် လေ့လာခဲပါသဖြင့် လူထုဗဟိုပြုစီမံကိန်းကလည်း လာရောက် လေ့လာသူများကို စီမံကိန်းနှင့်သက်ဆိုင်သော မိုးကာအင်္ကျီ၊ ကျောပိုးအိတ်၊ တီရှပ်၊ ဉီးထုပ်စသည်တို့ကို ပြန်လည် ပေးအပ်ခဲ့ပါသည်။