လှိုင်းဘွဲမြို့ သြဂုတ် ၂၉
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) အင်းနို့သိပ္ပံအုပ်စု၊ အင်းနို့သိပ္ပံကျေးရွာ ဓမ္မညီနောင်ဘုန်းကြီးကျောင်းတွင် ကျင်းပပြုလုပ်သော ကရင်ရိုးရာလက်ချည်ပွဲအခမ်းအနားတွင် စီမံကိန်းသတင်းအချက်အလက်များ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုသိရှိလာစေရန်နှင့် စီမံကိန်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် ရည်ရွယ်၍ သတင်းပြန်ကြားဆက်သွယ်ရေးနှင့် ဓါတ်ပုံပြခန်းငယ်ကို (၂၉.၈.၂၀၁၉) ရက်နေ့ နံနက်(၈:၀၀)နာရီတွင် ကျင်းပါပြုလုပ်ခဲ့ပါသည်။
အဆိုပါပြခန်းငယ်တွင် စီမံကိန်းအကြောင်းဗီနိုင်း၊ ပိုစတာ၊ လက်ကမ်းစာစောင်၊ လက်ဆွဲစာအုပ်များ၊ စီမံကိန်းဘောပင်၊ ဦးထုပ်၊ မိုးကာ၊ တီရှပ်အင်္ကျီများနှင့် စီမံကိန်းမှတ်တမ်းဓါတ်ပုံများ ခင်းကျင်းပြသ၍ အမေးအဖြေကဏ္ဍများ ပါဝင်ပြီး တီရှပ်၊ ဦးထုပ်များကို လက်ဆောင်အဖြစ် ဖြန့်ဝေမှုများအား စီမံကိန်းဝန်ထမ်းများမှ ဦးဆောင်ကျင်းပခဲ့ကြပါသည်။