![](https://cdd.drdmyanmar.org/sites/default/files/styles/news_on_media/public/uploads/news-image/ka_map_lel_kyaung_village_selection_1.jpg?itok=KkK4ePj6)
လှိုင်းဘွဲ ဇူလိုင် ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ဒုတိယနှစ်စက်ဝန်း)သို့ ပြည်ထောင်စုအဆင့် ကျား၊မရေးရာအဖွဲ့သည် (၃.၇.၂၀၁၉) ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ကြောင်းသိရသည်။
ပြည်ထောင်စုအဆင့် ကျား၊မ ရေးရာအဖွဲ့သည် နံနက် (၁၀:၀၅)နာရီတွင် ကမော့လဲကျေးရွာအုပ်စု ကမော့လဲကျောင်းကျေးရွာကိုလည်ကောင်း၊ နေ့လည်(၂:၂၀)နာရီတွင် သပုထိုကျေးရွာအုပ်စု ကျုံကော်ကျေးရွာနှင့် ညနေ (၃:၃၀)နာရီတွင် သမ္ဘာန်ကျေးရွာအုပ်စု၊ သမ္ဘာန်ကမ်းနားကျေးရွာများသို့ ကွင်းဆင်းစစ်ဆေးပြီး ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဝင်များနှင့်တွေ့ဆုံကာ ကျား၊မ ရေးရာလိုအပ်ချက်များ၊ အမျိုးသမီးများ၏ပူးပေါင်းပါဝင်မှု၊ အမျိုးသမီးများ၏ အလုပ်အကိုင်အခွင့်အလမ်း၊ အမျိုးသမီးများစွမ်းဆောင်ရည်ရရှိလာမှုနှင့် အခက်အခဲအတွေ့အကြုံများကို ဆွေးနွေးမေးမြန်းကာ ကျေးရွာများမှ တင်ပြလာသည့် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။