မိုးကောင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းခွဲများအား ကွင်းဆင်းစစ်ဆေးခြင်း

ကချင်ပြည်နယ်၊ ၂၂.၃.၂၀၁၉

      ကချင်ပြည်နယ်လူထုဗဟိုပြုစီမံကိန်း(ရုံးခွဲ)မှ ပြည်နယ်စီမံကိန်းတာဝန်ခံ ဒေါ်ခင်မေညွန့်(လက်ထောက်ညွှန်ကြားရေးမှူး)၊ ကျားမရေးရာတာဝန်ခံဒေါ်ယမင်းမြင့်မော်၊ သတင်းပြန်ကြားဆက်သွယ်ရေးတာဝန်ခံ ဒေါ်နန္ဒာဝင်း တို့အဖွဲ့သည် မိုးကောင်းမြို့နယ်လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော ဆားမှော်ကျေးရွာအုပ်စု၊ ဆားမှော်ကျေးရွာ ကြိုးတံတား(၁၂၀’x ၄’) တည်ဆောက်ခြင်း၊ ကညင်မြိုင်ကျေးရွာအုပ်စု၊ ကညင်မြိုင်ကျေးရွာ ကျေးရွာခန်းမဆောင်(၉၀’x ၃၀’) ဆောက်လုပ်ခြင်း၊ အုတ်ကျင်းကျေးရွာအုပ်စု၊ အုတ်ကျင်းကျေးရွာ ကျေးရွာခန်းမဆောင်(၆၀’x ၃၀’) ဆောက်လုပ်ခြင်း လုပ်ငန်းများအား ကွင်ဆင်းစစ်ဆေး၍ လုပ်ငန်းဆောင်ရွက်သည့်အဆင့်တိုင်းတွင် အရည်အသွေးပြည့်မီစေရေး အထူးအလေးထားကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များ မှာကြားခဲ့ပါသည်။